ဒီနေ့ဟာ iPhone 3GS ကို စတင်ရောင်းချခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 20 June 2017

ဒီနေ့ဟာ iPhone 3GS ကို စတင်ရောင်းချခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 1660 Views

                ဒီနေ့ဟာ iPhone 3GS ကို စတင်ရောင်းချခဲ့တဲ့နေ့ ဖြစ်ပါတယ်။ Apple ဟာ iPhone 3GS ကို ၂၀၀၉ ခုနှစ်၊ ဂျွန်လ ၈ ရက်နေ့၊ WWDC 2009 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ ဂျွန်လ ၁၉ ရက်နေ့မှ US, Canada နဲ့ ဥရောပနိုင်ငံခြောက်နိုင်ငံမှာ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

                3GS ဟာ ဒီနေ့စံနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင်တော့ တန်ဖိုးကြီးဖုန်းတစ်လုံးလို့ ထင်စရာမရှိဘဲ၊ နောက်ခံကိုယ်ထည်က ပလတ်စတစ်အထူကြီးနဲ့ ပါ။ 3.5-inch 480x320 pixel Display ကို အသုံးပြုခဲ့ပြီး၊ Display ကို LG က ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။


                iPhone 3GS ဟာ iPhone 3G ကို Hardware ပိုင်း Upgrade လုပ်ထားတဲ့ မော်ဒယ်တစ်ခုသာဖြစ်ပြီး၊ အရင် 3G ထက် Speed နှစ်ဆ ပိုမြန်လာခဲ့ပါတယ်။ Samsung က ထုတ်ပေးတဲ့ S5PC100 Chip မှာ 6000 MHz ARM-Cortex A8 CPU နဲ့ PowerVR SGX535 GPU တို့ကို အသုံးပြုခဲ့ပြီး၊ 3GS ဟာ SoC (System on a Chip) ပထမဆုံး စတင်အသုံးပြုတဲ့ iPhone အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ Memory အနေနဲ့ကတော့ 256MB ပဲ ရှိခဲ့ပါတယ်။

                Software Features အသစ်တွေအနေနဲ့ Video Camera, Voice Control နဲ့ Digital Compass တို့ ပါဝင်လာခဲ့ပြီး၊ အဆိုပါ Features တွေကို iPhone 4 မှာလည်း ဆက်လက်အသုံးပြုခဲ့ပါတယ်။

                3GS မှာ ကင်မရာလည်း တော်တော်ပိုကောင်းလာပြီး၊ Autofocus, Auto White Balance နဲ့ Auto Macro တို့ ပါဝင်တဲ့ 3-megapixel ကင်မရာ ပါရှိလာပြီး၊ VGA Video တွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ Front Camera တော့ မပါဝင်သေးပါဘူး။

References
Day in Tech History
About Author
Assinged Tags
iPhone Today Tech Knowledge iPhone 3GS
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed