ဒီနေ့ဟာ ကမ္ဘာ့ ပထမဆုံး Supercomputer 'Atlas' ကို Manchester University မှာ စတင်အသုံးပြုခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 07 December 2017

ဒီနေ့ဟာ ကမ္ဘာ့ ပထမဆုံး Supercomputer 'Atlas' ကို Manchester University မှာ စတင်အသုံးပြုခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 480 Views

                ၁၉၆၂ ဒီဇင်ဘာလ ၇ ရက်နေ့မှာ Manchester University တွင် စတင်အသုံးပြုခဲ့တဲ့ Ferranti ကုမ္ပဏီရဲ့ ဒုတိယ မျိုးဆက်သစ် Supercomputer ဖြစ်တဲ့ 'Atlas' ဟာ (Vacuum Tube) လေဟာနယ်မီးလုံးများအစား  Germanium Transistors ကို ပထမဦးဆုံး အသုံးပြုထားတဲ့ Supercomputer လည်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကို ထိခိုက်မှု မရှိစေဘဲ စွမ်းအင်သုံးစွဲမှုကို ချွေတာနိုင်သည့် Operating System သစ် နဲ့အတူ ထွက်ရှိလာတဲ့ Atlas Supercomputer ဟာ အဲ့ခေတ်ကာလတုန်းက ကမ္ဘာမှာ စွမ်းဆောင်ရည်အမြင့်ဆုံးကွန်ပျူတာတစ်လုံး ဖြစ်ပြီး၊ IBM 7094 လေးလုံးစာရဲ့ Performance နဲ့ ညီမျှတယ်လို့ သိရပါတယ်။


                Virtual Memory အသုံးပြု ကွန်ပျူတာဒီဇိုင်းများကို စတင် မွေးထုတ်ပေးခဲ့တဲ့ Atlas Supercomputer ဟာ Ferranti ကုမ္ပဏီရဲ့  နောက်ဆုံး အပြုံးပန်းဖြစ်ခဲ့သလို Atlas ကို စတင်ဖန်တီးခဲ့တဲ့ NRDC Division  ကို ၁၉၆၃ မှာ Fujitsu ထံရောင်းချခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း Atlas 2 ခေါ် Titan Supercomputer ထွက်လာတဲ့ အချိန်မှာတော့ Atlas Supercomputer ကိုအနားပေးခဲ့ပါတယ်။

This Article is Contributed by 2ppu
References
Google Blog
About Author
Assinged Tags
Today Tech Supercomputer Atlas History
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed