ဒီနေ့ဟာ IBM “Stretch” Computer ကိုအသုံးပြုမှု လုံး၀ရပ်ဆိုင်းခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 05 September 2017

ဒီနေ့ဟာ IBM “Stretch” Computer ကိုအသုံးပြုမှု လုံး၀ရပ်ဆိုင်းခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 540 Views

                စက်တင်ဘာ ၅၊ ၁၉၈၀ ခုနှစ်မှာ IBM ကနေ Supercomputer အမျိုးအစားအဖြစ် ထုတ်လုပ်ထားတဲ့ “Stretch” ကို အသုံးပြုမှု လုံး၀ရပ်ဆိုင်းခဲ့တဲ့နေ့ဖြစ်ပါတယ်။ နောက်ဆုံးအသုံးပြုခဲ့တာကတော့ Brigham Young University ဖြစ်ပြီး၊ အနှစ်နှစ်ဆယ်လောက် အသုံးပြုပြီးတော့မှ အခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

                IBM 7030 (ဒါမှမဟုတ်) “Stretch” ကို ၁၉၆၁ ခုနှစ်မှာ ပထမဦးဆုံးနမူနာအနေနဲ့ Los Alamos National Laboratory သို့ပို့ဆောင်ပေးခဲ့ပြီး၊ ဒုတိယ Customized Version ကိုတော့ ၁၉၆၂ ခုနှစ်မှာ National Security Agency သို့ပို့ဆောင်ပေးခဲ့ပါတယ်။ “Stretch” ဟာ Vaccum Tubes တွေအစား Transistors တွေနဲ့ပြုလုပ်ပြီး တည်ဆောက်ခဲ့တဲ့ ပထမဦးဆုံး Supercomputer လည်းဖြစ်ပါတယ်။

                “Stretch” အနေနဲ့ Performance ဟာ ထင်သလောက် မမြန်ဆန်ခဲ့ပေမယ့်လည်း ၁၉၆၁ ခုနှစ်ကနေ ၁၉၆၄ အထိတော့ ကမ္ဘာ့အမြန်ဆုံးကွန်ပျုတာအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ Control Data Corporation ကထုတ်လုပ်ခဲ့တဲ့ CDC 6600 Mainframe Supercomputer ဟာ ကမ္ဘာ့အမြန်ဆုံး Computer အဖြစ် အစားထိုးနေရာယူခဲ့ပါတယ်။

References
This Day In Tech History Wikipedia
About Author
Assinged Tags
Computer Supercomputer IBM IBM 7030 Stretch Transistorized
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed