"Yeti" လို့ အမည်ရတဲ့ Game Streaming Service နဲ့အတူ Gaming Console တစ်ခုကိုပါ မိတ်ဆက်လာဖွယ်ရှိတဲ့ Google

date_range 08 February 2018

"Yeti" လို့ အမည်ရတဲ့ Game Streaming Service နဲ့အတူ Gaming Console တစ်ခုကိုပါ မိတ်ဆက်လာဖွယ်ရှိတဲ့ Google

visibility 280 Views

                Google အနေနဲ့ နည်းပညာနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ အချိန်အတော် ကြာခဲ့ပြီ ဖြစ်ပေမယ့် Gaming ဘက်ကိုတော့ ဝင်ရောက်လာခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် The Information မှ ဖော်ပြထားချက်များအရ Google အနေနဲ့ လက်ရှိအချိန်မှာ ဖွဲ့ဖြိုးဆဲစျေးကွက်တစ်ခု အနေနဲ့ပဲ ရှိနေသေးတဲ့ Game Streaming လောကထဲကို ခြေစုံပစ် ဝင်ရောက်နိုင်ဖို့အတွက် စတင် ကြံစည်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

                Google အနေနဲ့ Game Streaming Services တွေဖြစ်တဲ့ Nvidia ရဲ့ GeForce Now၊ Sony ရဲ့ PS Now၊ Amazon ရဲ့ Twitch တို့နဲ့ ပုံစံဆင်တူပြီး "Yeti" လို့ အမည်ပေးထားတဲ့ Game Streaming Service ကို တိတ်တဆိတ် စတင် ဖန်တီးနေပြီလို့ သိရပါတယ်။ Google အနေနဲ့ "Yeti" ကို Game Streaming Service တစ်ခုအဖြစ် အပြင် Console ဒါမှမဟုတ် Controller အနေနဲ့ပါ တွဲဖက် မိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်" Yeti" ကို Chromecast နဲ့လည်း တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                "Yeti" ကို “Made by Google” Gaming Console တစ်ခုအဖြစ် Google ရဲ့ အခြား Product တွေနဲ့အတူ စျေးကွက်ထဲမှာ မကြာမီအချိန်အတွင်း မြင်တွေ့ရနိုင်တယ်လို့လည်း သိရပါတယ်။ Google က အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်များအရ "Yeti" ကို စတင် ဖန်တီးခဲ့တုန်းကတော့ Chromecast TV Streaming Stick အနေနဲ့သာ ဖန်တီးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ "Yeti" အတွက် Gaming Console တစ်ခုကိုပါ ထပ်မံ စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် "Yeti" Gaming Console မှာ အသုံးပြုဖို့အတွက် Google Hardware Team က Controller တစ်ခုကိုလည်း ထပ်မံ တီထွင်နေကြပါသေးတယ်။

                လက်ရှိအချိန်မှာတော့ ဂိမ်း Developer တွေ၊ ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီတွေ အနေနဲ့ "Yeti" နဲ့ ပက်သတ်တဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖေါ်ပြောကြားခြင်း မရှိကြသေးပါဘူး။ တကယ်လို့ "Yeti" သာ ထွက်လာခဲ့မယ်ဆိုရင် ဂိမ်း Developer တွေအနေနဲ့ Yeti ကို Support လုပ်ပေးမယ့် ဂိမ်းတွေကို ထုတ်လုပ်ပေးသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

                နောက်ပြီး Google ရဲ့ "Yeti" Gaming Console ဟာ Play Station တွေ၊ Xbox တွေမှာလို အခွေ ထည့်သွင်း ကစားရမယ့် အမျိုးအစား မဟုတ်သလို PC တွေမှာလို Game Data File ကို Download ဆွဲနေစရာလည်း လိုအပ်မှာ မဟုတ်ပါဘူး။ CES 2018 မှာ မိတ်ဆက်သွားခဲ့တဲ့ Nvidia Geforce Now မှာလို အင်တာနက်ရှိရုံနဲ့ Game တွေကို တိုက်ရိုက်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဂိမ်းတွေကို တိုက်ရိုက် ကစားနိုင်ဖို့အတွက် "Yeti" မှာ Google ရဲ့ Cloud Infrastructure ကို အသုံးပြုလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                Google အနေနဲ့ လက်ရှိအချိန်မှာ "Yeti" နဲ့ ပက်သတ်ပြီး Game Developers တွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။ Sony ရဲ့ PlayStation၊ Microsoft ရဲ့ Xbox တို့အတွက် Video Game Development ပိုင်းမှာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ Phil Harrison ကိုလည်း Google က အလုပ်ခန့်အပ်ခဲ့တာကြောင့် မကြာမီ အချိန်အတွင်းမှာ "Yeti" Game Streaming Service ကို မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Image Source
About Author
Assinged Tags
Gaming News Consoles Twitch Gaming Related Game Controller GeForce Now Streaming Streaming Services Console Game Game Streaming Service Yeti Yeti Gaming Console Yeti Gaming Controller
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed