iPhone X လို Notch အပြင် 18:9 Aspect Ratio Display လည်းပါဝင်မယ့် Entry Level iPhone မော်ဒယ်အသစ်ကို ဒီနှစ်ထဲမှာ Apple မိတ်ဆက်သွားဖွယ်ရှိ

date_range 24 January 2018

iPhone X လို Notch အပြင် 18:9 Aspect Ratio Display လည်းပါဝင်မယ့် Entry Level iPhone မော်ဒယ်အသစ်ကို ဒီနှစ်ထဲမှာ Apple မိတ်ဆက်သွားဖွယ်ရှိ

visibility 1160 Views

                ယခုနှစ် အတွင်းမှာ Apple အနေနဲ့ iPhone မော်ဒယ်အသစ် ၃ မျိုး ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ အသစ်ထွက်ရှိလာမယ့် မော်ဒယ်အသစ်နှစ်ခုမှာ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်သွားခဲ့တဲ့ iPhone X မှာလို OLED Panel ကို အသုံးပြုသွားမှာဖြစ်ပြီး နောက်ထပ် မော်ဒယ် တစ်ခုဖြစ်တဲ့ Entry Level iPhone မှာတော့ iPhone 8 နဲ့ 8 Plus တို့ မှာလိုမျိုး LCD Panel ကို အသုံးပြုသွားမှာဖြစ်ပြီး ၆.၁ လက်မ အရွယ်အစားနဲ့ ထွက်လာနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                အသစ်ထွက်လာမယ့် LCD Panel သုံး Entry Level iPhone မော်ဒယ်အသစ်အတွက် Display ကိုတော့ ဂျပန်နိုင်ငံ အခြေစိုက် Display ကုမ္ပဏီတစ်ခုဖြစ်တဲ့ JDI က ထုတ်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကောလာဟာလများအရ အသစ်ထွက်ရှိလာမယ့် Entry Level iPhone မှာ 2017 ဇွန်လတုန်းက JDI မိတ်ဆက်သွားခဲ့တဲ့ Full HD+ (2160 x 1080 Pixels) ကို Support လုပ်နိုင်တဲ့ Full Active 6.1-Inch LCD Panel ကို အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု နောက်ပိုင်းထွက်သမျှ Flagship စမတ်ဖုန်း၊ Mid-Range စမတ်ဖုန်း တော်တော်များမှာလိုပဲ 18:9 Aspect Ratio နဲ့ ထွက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

                JDI ရဲ့ Full Active Display ကို အသုံးပြုမယ်ဆိုရင် အသစ်ထွက်ရှိလာမယ့် Entry Level iPhone ကို iPhone X မှာလိုပဲ Notch ကို မြင်တွေ့ရနိုင်ပြီး Bezel-Less Display နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Entry Level iPhone ဟာ iPhone X မှာလို Stainless-Steel Frame ကို အသုံးပြုမှာ မဟုတ်ပဲ Aluminum Frame ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။

                Dual Camera Setup လည်း ပါဝင်မှာ မဟုတ်တဲ့အပြင် 3D Touch လည်း မပါဝင်လောက်ဘူးလို့ သိရပြီး Entry Level iPhone လို့ ဆိုထားပေမယ့် စျေးနှုန်းအနေနဲ့ ကန်ဒေါ်လာ ၇၀၀ နဲ့ ၈၀၀ ကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina
About Author
Assinged Tags
iPhone OLED Display iPhone 8 related news LCD Display Apple iPhone X iPhone 8 Plus iPhone X Notch Entry Level iPhone
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed