၆.၁ လက်မ LCD Display သုံး iPhone မော်ဒယ်အသစ်အပြင် Bezel-less iPhone အသစ်သုံးမျိုးကို နောက်နှစ်အတွင်း မိတ်ဆက်သွားဖွယ်ရှိတဲ့ Apple

date_range 14 November 2017

၆.၁ လက်မ LCD Display သုံး iPhone မော်ဒယ်အသစ်အပြင် Bezel-less iPhone အသစ်သုံးမျိုးကို နောက်နှစ်အတွင်း မိတ်ဆက်သွားဖွယ်ရှိတဲ့ Apple

visibility 14620 Views

                Apple ဟာ လာမယ့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ iPhone မော်ဒယ်အသစ်သုံးမျိုးကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ Apple Insider ရဲ့ Report တစ်ခုအရ သိရှိရပါတယ်။ အဆိုပါ iPhone မော်ဒယ်သစ်သုံးမျိုးလုံးဟာ အခု iPhone X အတိုင်း Bezel-less Display တွေနဲ့ချည်းပဲဖြစ်ပြီး၊ မော်ဒယ်နှစ်ခုက ၆ လက်မကျော် Display တွေနဲ့ဖြစ်တာကြောင့် အကြီးဆုံး iPhone မော်ဒယ်တွေဖြစ်လာမှာပါ။


                Apple နဲ့ ပတ်သတ်တဲ့သတင်းတွေကို ခန့်မှန်းရာမှာ ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေတယ်လို့ ထင်ရလောက်အောင် မှန်ကန်တဲ့ KGI Securities က Analyst ဖြစ်သူ Ming-Chi Kuo က တနင်္လာနေ့မှာ Investors တွေကို ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမိတ္တူတစ်စောင်ကို AppleInsider ကနေ ရရှိခဲ့တာဖြစ်ပြီး၊ အဆိုပါအစီရင်ခံစာထဲမှာ Apple ရဲ့ ၂၀၁၈ ခုနှစ်အတွက် Plan တွေကို ဖော်ပြထားတာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

                အဆိုပါအစီရင်ခံစာမှာ Apple အနေနဲ့ ၆.၅ လက်မ OLED Bezel-less (ဘေးဘောင်ပျောက်) Display အသုံးပြုထားတဲ့ iPhone မော်ဒယ်သစ်တစ်မျိုးကို ၂၀၁၈ ခုနှစ်၊ နှစ်ဝက်လောက်မှာ မိတ်ဆက်ဖို့ အစီအစဉ်ရှိကြောင်း ဖော်ပြထားပြီး၊ Apple ထုံးစံအတိုင်း “iPhone X Plus” ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာဖွယ် ရှိတယ်လို့ ဆိုပါတယ်။

                ဒီထက်စိတ်ဝင်စားဖို့ကောင်းတာက Apple ဟာ ၆.၁ လက်မ LCD Display နဲ့ iPhone မော်ဒယ်အသစ်တစ်မျိုးကိုလည်း ထုတ်ဖို့ရှိပြီး၊ iPhone X အတိုင်း Bezel-less Display နဲ့ပဲ ဖြစ်မယ်လို့ သိရပါတယ်။ ဒီမော်ဒယ်ကတော့ အခု iPhone X လို ၉၉၉ ဒေါ်လာ၊ ဒေါ်လာတစ်ထောင်လောက် ပေးရမှာမဟုတ်ဘဲ၊ စျေးပိုနည်းသွားမှာဖြစ်တာကြောင့် Mid-Range iPhone တစ်လုံးဖြစ်လာနိုင်ပါတယ်။

                အဆိုပါ LCD iPhone မော်ဒယ်အသစ်ဟာ OLED မော်ဒယ်နဲ့ တော်တော်ကွာခြားသွားမှာဖြစ်ပြီး၊ Display Resolution က အစနည်းသွားမှာဖြစ်ကာ  ဒေါ်လာ ၆၅၀ နဲ့ ဒေါ်လာ ၇၅၀ စျေးအတွင်း ရှိနိုင်ပါမယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ Bezel-less Display ဖြစ်တာကြောင့် Face ID ပါဝင်လာမှာဖြစ်ပြီး၊ Touch ID ပါဝင်မှာ မဟုတ်ပါဘူး။ LCD ကော LED မော်ဒယ်ကော Display အပေါ်ဘက်မှာ ‘Notch’ နဲ့ပဲ ဖြစ်မှာပါ။

                နောက်ဆုံးမော်ဒယ်ကတော့ အခု iPhone X ကိုမှ Update ပြန်လုပ်ထားတဲ့ ၅.၈ လက်မ OLED iPhone X မော်ဒယ်အသစ် ဖြစ်နိုင်တယ်လို့ Ming-Chi Kuo က ပြောကြားထားပါတယ်။

                Apple အနေနဲ့ ဒေါ်လာ ၇၅၀ လောက် 6.1-inch LCD Display နဲ့ iPhone X ထုတ်မယ်ဆိုရင်တော့ iPhone ပရိတ်သတ်တွေအတွက် ဝမ်းသာစရာလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ အခု iPhone 8 တောင်မှ ဒေါ်လာ ၇၀၀ ပေးရပြီး၊ iPhone 8 Plus က ၇၉၉ ဒေါ်လာဆိုတော့ iPhone 8 မော်ဒယ်တွေနဲ့ယှဉ်ရင် ဒီစျေးက တော်တော်သက်သာတယ်လို့ ဆိုရမှာပါ။ ပြီးတော့ iPhone X အတိုင်း Bezel-less Display လည်း ကိုင်ရမှာဖြစ်ပြီး၊ စခရင် Size ကလည်း တော်တော်ကြီးသွားတော့ အားရစရာပါပဲ။ LCD ဖြစ်နေတာလေးပဲ ပြောစရာရှိပါတယ်။ ဒါပေမယ့် အခု iPhone 8 တွေကလည်း LCD Display တွေနဲ့ပဲ ဆိုတော့ စျေးက ပိုတန်နေသေးတယ်လို့ ဆိုနိုင်ပါသေးတယ်။
 

References
Apple Insider
About Author
Assinged Tags
iPhone Bezel-Less Smartphones Bezel-Less Display Apple iPhone X iPhone X Plus Ming-Chi Kuo 6.1-inch LCD iPhone 6.5-inch OLED iPhone
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed