Private Profile Feature ကို စမ်းသပ်ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ Facebook

date_range 14 September 2017

Private Profile Feature ကို စမ်းသပ်ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ Facebook

visibility 420 Views

                ကျွန်တော်တို့အနေနဲ့ Social Media တွေပေါ်မှာ စာတွေ၊ ပုံတွေနဲ့ အမြင်တွေကိုတင်တဲ့အခါ ကိုယ်နဲ့ Friend ဖြစ်နေတဲ့သူတွေအကုန်လုံး ကိုယ့်အမြင်အပေါ်ကြိုက်ကြတာ၊ မကြိုက်ကြတာနဲ့အတူ၊ အချို့အရာတွေကို ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုပဲ Social Media ပေါ်မှာ ထုတ်ဖော်ပြချင်တာမျိုးတွေရှိပါတယ်။ 

                ဒီအတွက် Facebook ဟာ Privacy Feature မျိုးစုံကိုထည့်သွင်းပေးထားခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ သူငယ်ချင်းတွေထဲမှာမှ ကိုယ်တင်တာတွေကိုမမြင်စေချင်ရင် Friends Except လို Privacy Option နဲ့ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် သူငယ်ချင်းအနည်းအကျဉ်းကိုပဲမြင်စေချင်တဲ့အခါ Only Me နဲ့တင်ပြီး Tag တွဲတာမျိုး ပြုလုပ်လေ့ရှိပါတယ်။ 

                ဒါပေမယ့်လည်း ဒီ Privacy Feature တွေကိုအသုံးပြုရတာ အလုပ်ရှုပ်ပြီး ရှုပ်ထွေးလွန်းလှပါတယ်။ Friends Except အသုံးပြုမယ်ဆိုရင်လည်း မမြင်စေချင်တဲ့သူတွေတစ်ယောက်ချင်းစီကို လိုက်ထည့်ပေးနေရတာနဲ့ Only Me လုပ်မယ်ဆိုရင်လည်း မြင်စေချင်တဲ့သူတွေ Tag ပြန်တွဲနေရပါသေးတယ်။ 

                ဒါကြောင့်မို့လို့လည်း Facebook ဟာ အကြောင်းအမျိုးမျိုးကြောင့် Friends တွေလည်းလက်ခံထားရပြီး၊ မိမိ Profile မှာလည်း တင်သမျှအကုန်မမြင်စေချင်တဲ့သူတွေနဲ့ အကောင့်နှစ်ခုလည်းအသုံးမပြုချင်တဲ့သူတွေအတွက် Private Profile Feature ကို မိတ်ဆက်ပေးလာဖွယ်ရှိပါတယ်။

                ဒီ Feature ကို Matt Navarra ရဲ့ Twitter မှ Tweet တစ်ခုအရ သိရှိခဲ့ရတာဖြစ်ပါတယ်။ တင်ထားတဲ့ပုံအရလည်း “တစ်ချို့အရာတွေဟာ လူအနည်းငယ်လောက်ကိုပဲ မျှဝေတာကောင်းပါတယ်။ Profile တစ်ခုတည်ဆောက်ပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ မျှဝေလိုက်ရအောင်” လို့လည်းရေးထားပါသေးတယ်။

                လက်ရှိအချိန်မှာတော့ Create A Private Profile ဆိုတဲ့ Button ကိုနှိပ်လိုက်ရင် ဘာမှပေါ်မလာသေးဘူးလို့လည်း သိရှိထားရပါတယ်။ ဒီ Private Profile Page ကို Matt မှ Facebook APK ထဲကို မွှေနှောက်ရှာဖွေရင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

                Private Profile ပြုလုပ်ထားသူတွေအနေနဲ့ မိမိ Private Profile ကို အခြားသူတွေက Search နဲ့ရှာဖွေလို့မရဘူးလို့ သိရှိရပါတယ်။ နောက်ထပ်လည်း Private Profile အတွက် မိမိအရင်းနှီးဆုံးသူငယ်ချင်းတွေကို Add Friend ပြန်လည်ပြုလုပ်ရမှာဖြစ်ပြီး၊ သာမန် Profile လို မိမိ Posts တွေပဲကြည့်လိုပြီး သူငယ်ချင်းမဖြစ်လိုတဲ့သူတွေအတွက် Follow လို Feature လည်း Private Profile မှာ မပါဝင်ဘူးလို့ သိရှိထားပါတယ်။

                Facebook ကနေ အခုလို Android APK ထဲမှာ ဒီ Page ကိုထည့်သွင်းပေးထားပေမယ့်လည်း ဘာမှအသုံးပြုလို့မရသေးတဲ့အပြင်၊ Front Page တစ်ခုပဲတွေ့မြင်နိုင်ရသေးတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီ Feature တကယ်ထွက်ရှိလာမယ်၊ မထွက်ရှိလာဘူးဆိုတာကို အတိအကျတော့မပြောနိုင်သေးပါဘူး။

References
Android Community Value Walk
About Author
Assinged Tags
Facebook User Privacy Social Media Privacy Private Private Profile
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed