Gmail, Microsoft Outlook နဲ့ Office 365 Account တွေကို Software တစ်ခုထဲကနေ အသုံးပြုနိုင်မယ့် Wavebox

date_range 15 June 2017

Gmail, Microsoft Outlook နဲ့ Office 365 Account တွေကို Software တစ်ခုထဲကနေ အသုံးပြုနိုင်မယ့် Wavebox

visibility 1220 Views

                Windows အတွက် Mail Client Software တွေအများကြီးရှိပေမယ့် Software တစ်ခုထဲကနေ Gmail, Google Drive, Google Calendar, Google Photos တွေအပြင် Microsoft Outlook နဲ့ Microsoft 365 App တွေကို အသုံးပြုနိုင်တဲ့ Software ကတော့ရှားမှာပါ။ Wavebox က အဆိုပါ Functions တွေအကုန်လုံးကို ပြုလုပ်နိုင်တဲ့အပြင် Productivity App တွေဖြစ်တဲ့ Slack နဲ့ Trello ကို Support ပြုလုပ်မှာဖြစ်ပြီးတော့ ကိုယ်ကြိုက်တဲ့ Webpage တွေကိုပါ ထည့်သွင်းထားနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Mail Client တစ်ခုဖြစ်ပါတယ်။ 

                Wavebox Software ကို Windows ကွန်ပျူတာတွေတင်မကပဲ Mac OS နဲ့ Linux အတွက်ပါ ယခု Link ကနေ Download ပြုလုပ်ပြီး Platform အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။

                Wavebox ရဲ့အားသာချက်က Free အသုံးပြုနိုင်တာဖြစ်ပြီး တကယ်လို့ Unlimited Account Access နဲ့ Third Party App Integrations တွေလိုချင်တယ်ဆိုရင်တော့ တစ်နှစ်ကို $19.95 နှုန်းနဲ့ ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အသုံးပြုမှုတွေအတွက် Free Version ကလုံလောက်ပြီးတော့ Software ကို စတင်သွင်းပြီးတာနဲ့ လွယ်ကူရိုးရှင်းတဲ့ Interface ကြောင့် အသုံးပြုပြီး ၁၅ မိနစ်လောက်အတွင်း နားလည်နိုင်စေမှာဖြစ်ပါတယ်။


                Wavebox ရဲ့ အားသာချက်ကတော့ Gmail, Google Inbox, Google Drive, Google Calendar, Google Photos, Microsoft Outlook, Microsoft 365 App တွေကို ချိတ်ဆက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ Account ထည့်သွင်းတာကလည်း အလွန်လွယ်ကူပြီးတော့ "+" ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ Windows မှာ ကိုယ့် Account ရဲ့ Information ဖြည့်ပေးလိုက်ရုံနဲ့ ရမှာဖြစ်ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံမှာတော့ သုံးစွဲမှုနည်းပါးတဲ့ Slack နဲ့ Trello App တွေကိုပါ Support ပြုလုပ်နိုင်ပါတယ်။ Wavebox က ဘယ်လောက်ထိ အဆင်ပြေလဲဆိုရင် Google Document တွေကိုပါ Wavebox app ထဲမှာပဲ Edit လုပ်နိုင်ပါတယ်။ 

                App တွေရဲ့ Keyboard Shortcuts တွေကိုလည်း သက်သက်ထပ်မှတ်နေစရာမလိုဘဲ၊ အရင် Keyboard Shortcuts တွေပဲ ပြန်သုံးနိုင်ပါတယ်။ ဒီ့အပြင် Wavebox ရဲ့ UI ကို User က အလွယ်တကူပြင်ဆင်နိုင်မှာပါ။


                Website Tabs တွေဖွင့်၊ သီးသန့် Software တွေအများကြီးဖွင့်ထားတာထက်စာရင် Wavebox Mail Client က တစ်ခုထဲမှာ ပြီးပြည့်စုံတဲ့အတွက် စမ်းသပ်သုံးစွဲကြည့်တဲ့ Software တစ်ခုလို့ပဲ သတ်မှတ်ချင်ပါတယ်။

References
The Verge Wavebox
About Author
Assinged Tags
macOS Windows Gmail Software Linux related Software Reviews Google Drive Wavebox Microsoft Outlook Email Client
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed