Game Apps တွေကနေ ကလေးသူငယ်များကို တိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုပြီး တရားစွဲဆိုခံနေရတဲ့ Disney

date_range 10 August 2017

Game Apps တွေကနေ ကလေးသူငယ်များကို တိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုပြီး တရားစွဲဆိုခံနေရတဲ့ Disney

visibility 160 Views

                Walt Disney ကုမ္ပဏီဟာ ကလေးသူငယ်တွေရဲ့ အချက်အလက်တွေကို မိဘတွေရဲ့ခွင့်ပြုချက်မရပဲ တိတ်တဆိတ်ရယူနေတယ်ဆိုပြီး California ပြည်နယ်မှာ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ Disney ဟာ ကလေးသူငယ်တွေရဲ့ Personal အချက်အလက်တွေကို Game Apps ၄၂ ခုကနေ ရယူနေခဲ့ပြီး ကြော်ညာကုမ္ပဏီတွေကို အချက်အလက်တွေဝေမျှပေးနေတယ်လို့လည်း သိရှိရပါတယ်။

                ဒီတရားစွဲဆိုမှုမှာ Disney အပါအ၀င် အခြား Software ကုမ္ပဏီတွေဖြစ်တဲ့ Upsight, Unity နဲ့ Kochava တို့ပါ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ ကလေးသူငယ်တွေအတွက် ဂိမ်းတွေထဲမှာ Software တစ်ခု တိတ်တဆိတ်မြှုပ်နှံထားပြီး အဆိုပါ Software အနေနဲ့ ကလေးသူငယ်တွေရဲ့ အချက်အလက်တွေကို တိတ်တဆိတ်စုဆောင်းနေတယ်လို့ သိရှိရပါတယ်။ 

                ဒီလိုအချက်အလက်တွေ စုဆောင်းထားတယ်ဆိုတာကို “L. L.,” (ကလေးအမည်အရင်းမဖော်ပြထား) ရဲ့မိခင် Amanda Rushing မှ တရားလိုအနေနဲ့ တရားစွဲဆိုချက်အရ သိရှိထားရတာဖြစ်ပါတယ်။  “L. L.,” ဟာ Disney Princess Palace Pets ဂိမ်းကိုဆော့နေရင်းကနေ သူ့ရဲ့ Personal အချက်အလက်တွေကို မိဘတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ စုဆောင်းခံခဲ့ရတယ်လို့ စွဲဆိုချက်ပြုလုပ်ထားခဲ့ပါတယ်။ 

                တရားစွဲဆိုချက်တွေအရ ဒီလိုမျိုး မိဘခွင့်ပြုချက်ကိုမတောင်းခံဘဲ ကလေးငယ်တွေရဲ့ Personal သတင်းအချက်အလက်တွေကို ရယူဖို့ကြိုးစားတာဟာ ၁၉၉၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ Children’s Online Privacy Protection Act (COPPA) ကိုချိုးဖောက်နေတာလို့ ဆိုပါတယ်။ COPPA ဥပဒေအရ ကလေးသူငယ်တွေအတွက် Apps တွေပြုလုပ်တဲ့အခါ မိဘတွေရဲ့ ခွင့်ပြုချက်ကိုအရင်တောင်းခံပြီးမှ Personal အချက်အလက်တစ်ချို့ ရယူခွင့်ရှိမှာဖြစ်ပါတယ်။ 

                ၂၀၁၃ မှာတော့ COPPA ကို Federal Trade Commision (FTC) ကနေ ပြန်လည်ပြုပြင်ခဲ့ပြီး၊ ပြုပြင်ချက်အသစ် အရ Geological Location နဲ့ IP Address တွေကိုပါ ကလေးသူငယ်တွေရဲ့ Privacy အရ စောင့်ကြည့်၊ စုဆောင်းခွင့် မရှိတော့ပါဘူး။ တရားလို Amanda Rushing ရဲ့တရားစွဲဆိုချက်အရ Disney ကနေ ပူးပေါင်းထုတ်လုပ်ထားတဲ့ Game Apps ၄၂ ခုဟာ COPPA ဥပဒေကို တိုက်ရိုက်ချိုးဖောက်နေတယ်လို့လည်း သိရှိရပါတယ်။

                Disney မှ ယခုလိုတရားစွဲဆိုချက်အတွက် 

Disney မှာ COPPA ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀လိုက်နာဖို့အတွက် ချမှတ်ထားတဲ့မူဝါဒတွေရှိပါတယ်။ ကလေးသူငယ်နဲ့ မိသားစုတွေအတွက် ရေးဆွဲထားတဲ့ Disney Apps တွေမှာ ကျွန်တော်တို့အနေနဲ့ အချက်အလက်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်ကြပ်မတ်ထားပြီး ချမှတ်ထားတဲ့ မူဝါဒအတိုင်း အမြဲဆောင်ရွက်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်ဟာ COPPA ရဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို နားလည်မှုလွဲချော်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တရားရုံးမှာဆက်လက်ရင်ဆိုင်သွားဖို့ အသင့်ပါပဲ။

                လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

                ဒီလိုမျိုး ကလေးသူငယ်တွေရဲ့ အချက်အလက်တွေကို စုဆောင်းရယူလို့ တရားစွဲဆိုခံရတာဟာ Disney အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်မှာတုန်းကလည်း FTC ကနေ Disney ကို ရာထောင်ချီတဲ့ ကလေးသူငယ်တွေရဲ့အချက်အလက်တွေ တရားမ၀င်ရယူစုဆောင်းပြီး အခြားကုမ္ပဏီတွေကို စီးပွားရေးအရ ထုတ်ဖော်ပြသမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒေါ်လာ ၃ မီလီယံကျော် ဒဏ်ရိုက်ခဲ့ဖူးပါသေးတယ်။ အခုချိန်မှာကော Disney မှ တရားလို Amanda Rushing ရဲ့ တရားစွဲဆိုချက်အပေါ်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

References
The Verge
About Author
Assinged Tags
Collecting Disney Disney Studios Sued Children
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed