Facebook Free Basics ဟာ အသုံးပြုသူတွေရဲ့အချက်အလက်ကို စုဆောင်းရယူနေကြောင်း စွပ်စွဲခံရ

date_range 30 July 2017

Facebook Free Basics ဟာ အသုံးပြုသူတွေရဲ့အချက်အလက်ကို စုဆောင်းရယူနေကြောင်း စွပ်စွဲခံရ

visibility 2660 Views

                Facebook ကနေ Free Basics ကို စပြီး India မှာ Launch လုပ်ကတည်းက Net Neutrality နဲ့ပတ်သက်တဲ့ပြဿနာတွေ မျိုးစုံတက်ခဲ့ပါတယ်။ Services အချို့ကိုပဲ Limit တစ်ခုသတ်မှတ်ပြီး Free အသုံးပြုနိုင်အောင်ပြုလုပ်ထားတဲ့အတွက်လည်း Net Neutrality ကိုချိုးဖောက်တယ်လို့ နည်းမျိုးစုံနဲ့ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီလိုမျိုး Net Neutrality နဲ့ပတ်သက်လို့ အတိုက်အခံဆန္ဒပြခဲ့မှုကြောင့် လွန်ခဲ့တဲ့နှစ်က India မှာ Facebook Free Basics ကို ဖျက်သိမ်းပေးခဲ့ရ တဲ့အထိဖြစ်ခဲ့ပါတယ်။

                Facebook Free Basics ကိုလက်ရှိအချိန် နိုင်ငံပေါင်း ၆၀ ကျော်မှာအသုံးပြုနိုင်ပြီး Accu Weather, BBC News နဲ့ Wikipedia စတဲ့ Internet Services တွေကို Free အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

                ဒါပေမဲ့လည်း Global Voices ရဲ့ Report တစ်ခုအရ Facebook Free Basics ဟာ သက်ဆိုင်တဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်မဖော်ပေးနိုင်ခဲ့တဲ့အပြင် Net Neutrality ကိုပါ ချိုးဖောက်နေတယ်လို့ဆိုပါတယ်။ Open Internet ဆိုတာကိုလည်း မဆောင်ရွက်ပေးနိုင်တဲ့အပြင်၊ Offline ဖြစ်နေတဲ့သူတွေအတွက်လည်း ဘာမှအကျိုးမပြုပေးနိုင်ဘူးလို့လည်း သိရှိရပါတယ်။ 

                Global Voices ဟာ ဒီလို Facebook Free Basics ကို လေ့လာမှုပြုလုပ်ဖို့အတွက် Colombia, Ghana, Kenya, Mexico, Pakistan နဲ့ Philippines မှ သုတေသနပြုလုပ်သူအချို့နဲ့အတူ ပူးပေါင်းပြီး Team တစ်ခုဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။

                နိုင်ငံတစ်ချို့မှာ ပြည်တွင်းဘာသာစကားတွေဟာ တစ်မျိုးထက်ပိုပြီးရှိပေမဲ့ Facebook Free Basics မှာတော့ ပြည်တွင်းဘာသာစကားတစ်မျိုးတည်းကိုပဲ အသုံးပြုခွင့်ရှိတယ်လို့လည်းသိရှိရပါတယ်။ Local Content တွေလည်းအများအပြားမရှိတဲ့အပြင် US နဲ့ UK မှ Services တွေကိုပဲ အသုံးပြုထားတာကိုတွေ့ရပြီး Free Basics အသုံးပြုသူတွေအတွက် ဘာမှအသုံးမ၀င်တဲ့ Information တွေလည်းရှိနေတယ်လို့ဆိုပါတယ်။

                ဒါ့အပြင် Facebook ရဲ့ Free Basics မှာ အသုံးပြုသူတွေဟာ ဘယ် Third-party Site တွေမှာ ဘယ်လောက်ကြာကြာကြည့်ရှုခဲ့တယ်ဆိုတဲ့အချက်အလက်တွေလည်း ရယူနေခဲ့ပါသေးတယ်။ ဒီလိုအချက်အလက်စုဆောင်းတာဟာ Facebook မှ စီးပွားရေးအတွက်အသုံးချလိုတာပဲဖြစ်ဖြစ်၊ Ads တွေပြသလိုတာပဲဖြစ်ဖြစ် ရည်ရွယ်ပြီးပြုလုပ်နေတာလို့ဆိုပါတယ်။

                Facebook ရဲ့ Free Basics မှာ အသုံးပြုသူတွေကို Internet စိတ်ကြိုက် Browse လုပ်ခွင့်လည်းမပေးသလို သတ်မှတ်ထားတဲ့ Services တွေကိုသာ Limit တစ်ခုနဲ့ပဲ ကြည့်ရှုခွင့်ရှိတာကြောင့် Net Neutrality ကို ချိုးဖောက်နေတယ်လို့လည်း စွပ်စွဲထားပါသေးတယ်။ Facebook Free Basics ကို Facebook App အတွင်းထဲမှာသာ ကြည့်ရှုခွင့်ရှိပြီး Facebook ကနေပဲ ဘယ်လို Services တွေကိုထည့်သွင်းပေးထားမလဲဆိုတာကို ဆုံးဖြတ်ထားတာကြောင့် ဒီလိုမျိုး Services ကိုထည့်သွင်းဖို့မတတ်နိုင်သေးတဲ့ Business လုပ်ငန်းသေးတွေအတွက် တရားမျှတမှုမရှိဘူးလို့လည်းဆိုပါတယ်။ 

                ဒီလို Global Voices မှ စွပ်စွဲချက်တွေအပေါ် Engadget မှ Facebook သို့ သွားရောက်မေးမြန်းခဲ့ရာမှာလည်း Facebook မှ

Global Voices ရဲ့ လေ့လာမှုတွေဟာ မတိကျ မသေချာပါဘူး။ နိုင်ငံအချို့က Contributor အနည်းငယ်လောက် ပူးပေါင်းပြီး လေ့လာမှုတွေပြုလုပ်ထားတဲ့ Global Voices လို Team တစ်ခုလောက်ရဲ့ ဝေဖန်မှုဟာ နိုင်ငံပေါင်း ၆၅ နိုင်ငံမှာရှိတဲ့ Free Basics ကို အကျိုးရှိရှိ အသုံးပြုနေတဲ့သူတွေအတွက်လည်း ဘာမှထိခိုက်သွားမှာမဟုတ်ပါဘူး။
 
လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Facebook User Data Facebook Free Facebook Free Basics Free Basics Monetization Collecting Accused Net Neutrality Global Voices
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed