Limited Edition အနေနဲ့ထွက်ရှိလာမယ့် OnePlus 5 Soft Gold အရောင်သစ်

date_range 08 August 2017

Limited Edition အနေနဲ့ထွက်ရှိလာမယ့် OnePlus 5 Soft Gold အရောင်သစ်

visibility 780 Views

                OnePlus ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဂျွန်လ ၂၇ ရက်နေ့တုန်းက OnePlus 5 Smartphone ကို မိတ်ဆက် ပြသခဲ့ပါတယ်။ အဆိုပါ Smartphone ဟာ Dual 16MP + 20MP Camera ပါဝင်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းအနေနဲ့လည်း လက်ရှိအချိန်အထိ အကောင်းဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 835 CPU နဲ့ အတူ RAM ကိုလည်း 6GB ကနေ 8GB RAM အထိ အသုံးပြုထားတဲ့ Storage ပေါ်မှုတည်ပြီး ရွေးချယ်နိုင်တဲ့အတွက် လက်ရှိအချိန် အကောင်းဆုံးစမတ်ဖုန်းတွေထဲက တစ်လုံးအပါအဝင်ဖြစ်နေတုန်းပါ။ 

                ဒါပေမယ့် OnePlus 5 ကို ထုတ်လုပ်ခဲ့ချိန်တုန်းက RAM 6GB, 64GB ကို Slate Gray Color နဲ့ RAM 8GB, 128GB ကို Midnight Black ဆိုပြီး အများကြီးကွာခြားမှုမရှိတဲ့အရောင်နှစ်ရောင်ပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခြားအရောင်ကို လိုချင်တဲ့သူတွေအနေနဲ့ အဆင်မပြေခဲ့ဘူးပဲပြောရမှာပါ။


                ယခုအချိန်မှာတော့ OnePlus ကနေ RAM 6GB, 64GB အသုံးပြုသူတွေအတွက် Limited Edition အရောင်တစ်မျိုးကို ထုတ်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ Soft Gold Color ပဲဖြစ်ပါတယ်။ OnePlus 5 Soft Gold Limited Edition ဟာ ပုံမှန် Slate Gray နဲ့ယှဉ်ရင် ဈေးနှုန်းအရတူညီပြီးတော့ ပိုများနေတာမျိုးမရှိပါဘူး။ ဘာလို့ OnePlus 5 Soft Gold Edition ဟာ Limited Edition လို့ ပြောရလည်းဆိုရင် လက်ရှိ Stock ကုန်တာနဲ့ ထပ်ပြီး ထုတ်လုပ်ရောင်းချတော့မှာ မဟုတ်လို့ပါ။

                OnePlus 5 ဖုန်းကို ကြိုက်တဲ့သူတွေအနေနဲ့ အနက်ရောင် (သို့) မီးခိုးရောင်ကို မကြိုက်နှစ်သက်လို့ အခြားအရောင်လိုချင်တယ်ဆိုရင်တော့ အခုပဲ ပစ္စည်းမပြတ်ခင် ဝယ်ယူထားသင့်ပါတယ်။ 

                နောက်ထပ်တစ်ခုကတော့ ယခင် RAM 6GB, 64GB ဖုန်းတွေမှာပဲ ပါဝင်တဲ့ Slate Gray အရောင်ကို လက်ရှိအချိန်မှာ RAM 8GB နဲ့ Storage 128 မှာပါရရှိနိုင်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် RAM 8GB နဲ့ Storage 128GB မှာ Midnight Black, Slate Gray နဲ့ RAM 6GB, Storage 64GB မှာ Slate Gray နဲ့ အခု Soft Gold ဆိုပြီး အရောင် ၃ မျိုးရှိသွားပြီပဲဖြစ်ပါတယ်။

References
GSM Arena
About Author
Assinged Tags
Android Smartphones OnePlus 5 OnePlus Soft Gold Slate Gray Midnight Black
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed