“Groups” App ကို Facebook က မကြာမီဖျက်သိမ်းတော့မည်

date_range 06 August 2017

“Groups” App ကို Facebook က မကြာမီဖျက်သိမ်းတော့မည်

visibility 360 Views

                Facebook Groups တွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ပေးထားတဲ့ “Groups” App ကို Facebook မှ စက်တင်ဘာလ ၁ ရက်နေ့မှာ လုံး၀ဖျက်သိမ်းသွားတော့မယ်လို့သိရှိရပါတယ်။ Facebook ဟာ အခုလိုဖျက်သိမ်းလိုက်တဲ့ “Groups” App ထဲက Features တွေအားလုံးကို “Facebook” App ထဲမှာပဲ ပေါင်းထည့်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့လည်းသိရှိရပါတယ်။

 

                အသုံးပြုသူလည်းနည်းပြီး Facebook Groups တွေကို “Facebook” App ထဲမှာပဲ ၀င်ရောက်ကြည့်ရှုလို့ရနေတာကြောင့် တစ်ချို့တွေဆို ဒီလို “Groups” App သက်သက်ရှိတယ်ဆိုတာကိုတောင် မသိကြပါဘူး။ ဒါကြောင့်မို့လို့ Facebook အနေနဲ့ “Groups” App ကိုဖျက်သိမ်းပြီး၊ App ထဲမှ အသုံး၀င်တဲ့ Features အချို့ကို “Facebook” App  ထဲမှာပေါင်းထည့်ပေးဖို့ စီစဉ်လိုက်ရတာဖြစ်ပါတယ်။

                ဒီလိုမျိုး “Groups” App ကိုဖျက်သိမ်းပေမဲ့ မိမိအကောင့်နဲ့ချိတ်ဆက် အသုံးပြုနေတဲ့ Groups နဲ့ Settings တွေဟာ အရင်အတိုင်းကျန်ရှိနေမှာဖြစ်ပြီး “Facebook” App ထဲမှာပဲ ဆက်လက်အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။  

                Facebook အနေနဲ့လည်း သူတို့ရဲ့ Main App ထဲမှာတောင် Features တွေအများကြီးနဲ့ ရှုပ်ပွနေတဲ့အချိန်မှာ “Groups” App ထဲက Feature တွေပါ ထပ်ပေါင်းထည့်မယ်ဆိုတော့ ပိုပြီးလေးပင်သွားမလား၊ UI တွေကော ရှုပ်ပွနေမှာလား၊ Facebook Team ကကော ဘယ်လိုမျိုးကြည့်ကောင်းအောင် Features တွေထည့်သွင်းပေးမလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
Android Police
About Author
Assinged Tags
Facebook Android App iOS App Related Facebook Group Facebook Groups Facebook Groups App Removed Going Away Facebook Team
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed