Facebook News Feed တွင် Loading မြန်ဆန်သော Web Page များအား ဦးစားပေး ဖော်ပြတော့မည်

date_range 03 August 2017

Facebook News Feed တွင် Loading မြန်ဆန်သော Web Page များအား ဦးစားပေး ဖော်ပြတော့မည်

visibility 180 Views

                Loading မြန်ဆန်တဲ့ Web Page/Link တွေကို အသုံးပြုသူတွေရဲ့ Mobile News Feed မှာ သာမာန်ထက် ပိုပြီး ဦးစားပေး ဖော်ပြသွားမှာ ဖြစ်ကြောင်း Facebook က ကြေငြာလိုက်ပါတယ်။ အချိန် ကြာမြင့်စွာ Load လုပ်နေရတဲ့ Web Page တွေကိုတော့ အနည်းငယ်သာ ဖော်ပြပေးတော့မှာ ဖြစ်ပါတယ်။

                အသုံးပြုသူရဲ့ Network Connection နဲ့ Web Page တွေရဲ့ ပျမ်းမျှ Loading ကြာမြင့်ချိန်တို့ကို ထည့်သွင်း တွက်ချက်ပြီးတဲ့နောက် ပိုမို မြန်ဆန်စွာ Load လုပ်နိုင်မယ့် Web Page တွေကို News Feed မှာ အရင်ဆုံး မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ Publisher တွေ၊ ကိုယ် Like လုပ်ထားတဲ့ Page တွေနဲ့၊ သူငယ်ချင်းတွေ မျှဝေထားတဲ့ Link တွေ အားလုံးကိုပါ  စိစစ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

                Facebook ဟာ နှေးကွေးတဲ့ Website တွေနဲ့ ပက်သက်ပြီး များပြားလှတဲ့ Negative Feedback တွေရရှိခဲ့တာကြောင့် အခုလို စီမံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Website တစ်ခု ကို ဝင်ရောက်ကြည့်ရှုသူတွေရဲ့ (၄၀) ရာခိုင်နှုန်းလောက်ဟာ အချိန် (၃) စက္ကန့် စောင့်ဆိုင်းရပြီ ဆိုတာနဲ့ ဆက်မစောင့်တော့ဘဲ ပြန်ထွက်သွားကြတယ်လို့လည်း Facebook က ဖော်ပြထားပါတယ်။

Website တစ်ခုဟာ အချိန်အကြာကြီး Loading လုပ်နေမယ်ဆိုရင် လူတွေက ပစ်ပယ်လိုက်ကြမှာပါ။ နှေးကွေးလှတဲ့ Web Page တစ်ခုရဲ့ Link ကို နှိပ်ရတာ အတော် စိတ်ညစ်စရာ ကောင်းပါတယ်။

                လို့လည်း Facebook ရဲ့ Product Manager တစ်ဦးဖြစ်တဲ့ Greg Marra က CNN Tech ကို ပြောကြားခဲ့ပါတယ်။

                Loading ကြာချိန် တစ်ခုတည်းကို ကြည့်ပြီး Link တစ်ခုရဲ့ တန်ဖိုးကို ဆုံးဖြတ်လိုက်မှာတော့ မဟုတ်ပါဘူး။ အသုံးပြုသူတွေက ဘယ်အရာတွေကို Like လုပ်တယ်၊ ဘယ်အရာတွေကို Comment ပေးတယ် စတဲ့ ထောင်နဲ့ချီတဲ့ အချက်အလက်တွေကို အသုံးပြုပြီး လူတိုင်းအတွက် အကိုက်ညီဆုံး ဖြစ်မယ့် Post တွေ၊ Content တွေကိုတော့ News Feed မှာ အမြဲတမ်း ပြသပေးနေမှာပါ။ Website/Link တစ်ခုခုဟာ နှေးကွေးနေပေမယ့် သင်ကြိုက်နှစ်သက်လိမ့်မယ်လို့ Facebook က ယူဆရင်တော့ အဲ့လို Link တွေကို News Feed မှာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

                Facebook ဟာ News Feed ကို ပိုမို ကောင်းမွန်စေတဲ့ ပြင်ဆင်မွမ်းမံမှုတွေ ကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ အသုံးပြုသူရဲ့ Connection အမြန်နှုန်း နဲ့ Device အမျိုးအစားတွေ အပေါ်မူတည်ပြီး News Feed ကို အကောင်းဆုံး ပြသနိုင်အောင် ပြုလုပ်ထားပါတယ်။ ဥပမာဆိုရင် Video တွေ ကြည့်ရှုဖို့ အဆင်မပြေတဲ့ နှေးကွေးတဲ့ Connection နဲ့ အသုံးပြုနေပြီဆိုရင် News Feed မှာ Status Update တွေနဲ့ Link တွေကို ဦးစားပေး ဖော်ပြနေတာ ဖြစ်ပါတယ်။

                Loading မြန်တဲ့ Website တွေကို News Feed ရဲ့ ထိပ်ပိုင်းမှာ ဦးစားပေး ဖော်ပြပြီး၊ နှေးကွေးတဲ့ Website တွေကိုတော့ အနည်းငယ်သာ ဖော်ပြပေးမယ့် ဒီလို ဆုပေး၊ ဒဏ်ပေး စနစ်ကို နောက်လ က စပြီး ကျင့်သုံးတော့မယ်လို့ သိရပါတယ်။ Publisher တွေဟာ ၎င်းတို့ရဲ့ Website တွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခုလို တစ်လ ကြိုတင်ပြီး အသိပေးရတာ ဖြစ်ကြောင်း Facebook က ဆိုပါတယ်။ Website တွေကို ပိုမို မြန်ဆန်စေဖို့နဲ့ ပိုပြီး Mobile-friendly ဖြစ်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုလည်း Facebook ရဲ့ Media Blog မှာ မျှဝေပေးထားပါတယ်။

References
CNN Tech Cnet
About Author
Assinged Tags
Facebook Facebook App Facebook Feature Fast Loading Articles Link Slow Web Page News Feed
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed