USB 3.1 ထက် ၂ ဆပိုမြန်တဲ့ 20 Gbps Speed နဲ့ Data တွေကူးယူနိုင်မယ့် USB 3.2

date_range 31 July 2017

USB 3.1 ထက် ၂ ဆပိုမြန်တဲ့ 20 Gbps Speed နဲ့ Data တွေကူးယူနိုင်မယ့် USB 3.2

visibility 1200 Views

                Data တွေအကူးအပြောင်း ပြုလုပ်ရာမှာ အဓိကကျတဲ့ Universal Serial Bus (USB) ဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ထဲကစတင်မိတ်ဆက်ခဲ့ပြီး၊ အခုဆိုရင် ကွန်ပျူတာတွေတင်မကပဲ Mobile Devices တွေ၊ ပြီးခဲ့တဲ့နှစ်တွေက စတင်မိတ်ဆက်ခဲ့တဲ့ USB Type C ဟာဆိုရင်လည်း Display Port တွေ၊ Laptop ကွန်ပျူတာတွေအတွက် Charging စနစ်တွေအပြင် အခြားအရာတွေအနေနဲ့ပါ တွဲဖက်အသုံးပြုလာနိုင်နေပြီပဲဖြစ်ပါတယ်။ 

                အခုနောက်ဆုံးအနေနဲ့ USB Type C ကိုပဲ အခြေခံလာတဲ့ USB 3.2 စနစ်ကို ထုတ်ဖော်ပြသလိုက်ပြီး လက်ရှိမှာ အမြန်ဆုံးဖြစ်တဲ့ USB 3.1 Gen 2 ထက် ၂ ဆမြန်တဲ့နှုန်းနဲ့ Data တွေကို သယ်ယူပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

 

                USB 3.2 ဟာ USB Type C အသုံးပြုထားတဲ့ နောက်ဆုံးထွက် USB 3.1 Gen 2 Cable တွေနဲ့လည်း အလုပ်လုပ်မှာဖြစ်တဲ့အတွက် USB 3.2 ကို ကွန်ပျူတာတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေက အသုံးပြုလာခဲ့ရင်လည်း Cable ထပ်ဝယ်စရာမလိုပဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် USB 3.1 Gen 1 Cable နဲ့ USB 3.0 Cable တွေနဲ့အသုံးပြုမယ်ဆိုရင်တော့ USB 3.0 ရဲ့ အမြန်နှုန်းဖြစ်တဲ့ 5 Gbps နဲ့ပဲ Data Transfer လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

                လက်ရှိ USB 3.1 ဟာ အမြင့်ဆုံးအနေနဲ့ 10 Gbps Speed နဲ့ လမ်းကြောင်း ၂ ခုယူပြီး လမ်းကြောင်းတစ်ခုစီမှာ 5 Gbps နှုန်းနဲ့ Data တွေကို သယ်ဆောင်တာဖြစ်ပါတယ်။ အခု USB 3.2 မှာတော့ လမ်းကြောင်း ၂ ခုပဲ ဆက်လက်အသုံးပြုနေပေမယ့် လမ်းကြောင်းတစ်ခုစီရဲ့ အမြန်နှုန်းကို 10 Gbps အထိ တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် USB 3.1 ထက် ပိုမိုကောင်းမွန်တဲ့ မြန်နှုန်းကို ရရှိခဲ့တာဖြစ်ပါတယ်။ 

                ဒါပေမယ့် USB Type C 3.2 ရဲ့ အမြန်နှုန်းကို ရရှိဖို့ဆိုရင်တော့ အသုံးပြုနေတဲ့ Connector တွေနဲ့ Hardware တွေအကုန်လုံးက USB 3.2 ကို Support ပြုလုပ်ဖို့လိုအပ်မှာပါ။ 

                အခုလို USB 3.2 ကို ကြေငြာခဲ့ပေမယ့်လည်း အကြမ်းဖျင်းအနေနဲ့ပဲ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုတော့ စက်တင်ဘာလမှာကျင်းပသွားမယ့် USB Developer Days North America event မှာ ထပ်မံကြေငြာပေးသွားမှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
USB Type-C USB USB types USB related USB 3.0 USB 3.2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed