iPod Nano နဲ့ iPod Shuffle ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့ Apple

date_range 30 July 2017

iPod Nano နဲ့ iPod Shuffle ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့ Apple

visibility 380 Views

                Apple ကနေ နာမည်ကြီး Products တွေဖြစ်ခဲ့တဲ့ iPod Nano နဲ့ iPod Shuffle ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အခုလို iPod နဲ့ပတ်သက်လို့ ရပ်ဆိုင်းမှုတွေပြုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကလည်း Apple ရဲ့ ပထမဆုံး Portable Device တစ်ခုဖြစ်တဲ့ iPod Classic ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါသေးတယ်။

                Apple ဟာ Music Player တွေထုတ်လုပ်မှုကို ဆက်လက်ပြီးပြုလုပ်မှာမဟုတ်တော့ဘူးလို့လည်း အတည်ပြုပြောကြားလိုက်တာကြောင့် လက်ရှိအချိန်မှာ iPod ကို ဝယ်ယူချင်တယ်ဆိုရင်တော့ iPod Touch Model တစ်မျိုးတည်းကိုပဲ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

                ပြီးခဲ့တဲ့လအနည်းငယ်တုန်းကလည်း iPod Touch ရဲ့ Storage ကို 16GB နဲ့ 64GB အစား 32GB နဲ့ 128GB  အဖြစ် အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ပေးခဲ့တဲ့အတွက် လတ်တလောမှာတော့ ထုတ်လုပ်မှုကို ရပ်ဆိုင်းမှာ မဟုတ်လောက်သေးဘူးလို့ ယူဆရပါတယ်။

                Apple iPod Touch ကို လက်ရှိအချိန်မှာ 32GB Model ကို $199, 128GB Model ကို $299 နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်တွေအနေနဲ့ Silver, Gold, Pink, Space Gray, Blue, နဲ့ Red Color ဆိုပြီး အရောင်စုံဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော အရင်က ကျွန်တော်တို့ ဘောင်းဘီအိတ်ကပ်တွေမှာ ချိတ်ပြီး သီချင်းနားထောင်ခဲ့ကြတဲ့ iPod Nano နဲ့ iPod Shuffle လေးတွေ သေဆုံးသွားခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။

References
GSM Arena
About Author
Assinged Tags
iPod iPod Nano iPod Shuffle iPod Touch Discontinued
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed