ဘယ်လို မျက်နှာပြင်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရပြီး လေထဲမှာတောင် ဝှေ့ယမ်းခိုင်းစေလို့ ရနိုင်မယ့် Stylus တစ်မျိုးကို Apple မူပိုင်ခွင့်တင်

date_range 07 February 2018

ဘယ်လို မျက်နှာပြင်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရပြီး လေထဲမှာတောင် ဝှေ့ယမ်းခိုင်းစေလို့ ရနိုင်မယ့် Stylus တစ်မျိုးကို Apple မူပိုင်ခွင့်တင်

visibility 1080 Views

                Apple အနေနဲ့ Apple Pencil ကို ထုတ်လုပ်ရောင်းချနေပြီ ဆိုပေမယ့် Apple Pencil ကို iPad မျိုးဆက်တွေထဲမှာတောင်မှ iPad Pro တွေမှာပဲ အသုံးပြုလို့ ရပါသေးတယ်။ ဒါကြောင့် Mac တွေမှာပဲဖြစ်ဖြစ်၊ iPhone တွေမှာပဲဖြစ်ဖြစ်၊ iPad တွေပဲဖြစ်ဖြစ်၊ Apple Product အကုန်လုံးနီးပါးလောက်မှာ အသုံးပြုလို့ရနိုင်မယ့် Stylus တစ်မျိုးကို ဒီနေ့မှာပဲ မူပိုင်ခွင့်တင်လိုက်ပြီ ဖြစ်ပါတယ်။


                မူပိုင်ခွင့်တင်ထားတဲ့ စာရွက်စာတမ်းတွေမှာ “Force Sensor” ကို သေသေချာချာ ဖော်ပြထားတာကြောင့် Mac တွေအတွက် Force Touch Trackpad တွေမှာလည်း အသုံးပြုလို့ ရနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ နောက်ပြီး ဒီ Stylus ကို ဘယ်လို မျက်နှာပြင်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရပြီး၊ လေထဲမှာတောင် ဝှေ့ယမ်းခိုင်းစေနိုင်မယ်လို့ သိရပါတယ်။


                Touch Screen မှာပဲဖြစ်ဖြစ်၊ Trackpad မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရအောင် အပေါ်မှာ ပြောခဲ့သလိုပဲ “Force Sensor” တွေကို အသုံးချသွားမှာဖြစ်ပြီး၊ လေထဲမှာ ဝှေ့ယမ်းခိုင်းစေလို့ ရစေဖို့အတွက် Stylus ရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို Motion Sensor တွေ၊ Orientation Sensor တွေ ပါဝင်တဲ့ Camera ဒါမှမဟုတ် Electromagnetic နည်းပညာ ဒါမှမဟုတ် Sound-Based Triangulation နည်းပညာကို အသုံးပြုသွားမယ်လို့ မူပိုင်ခွင့် စာရွက်စာတမ်းတွေထဲမှာ ရေးသားထားပါတယ်။


                လေထဲမှာတောင် ခိုင်းစေလို့ရမှာ ဖြစ်တဲ့အတွက် 3D Text တွေ၊ 3D Drawing တွေ ရေးဆွဲလို့ရနိုင်မှာ ဖြစ်ပါတယ်။ အောက်ကပုံကတော့ အဲ့လို 3D Text တွေ၊ 3D Drawing တွေကို Stylus နဲ့ ဘယ်လို ရေးဆွဲလို့ရလည်း ဆိုတာကို နမူနာ ပြသထားတဲ့ပုံပဲ ဖြစ်ပါတယ်။


                အောက်ကပုံတွေကတော့ Touch Screen တွေမှာ အသုံးပြုမယ်ဆိုရင် Input ကို ဘယ်လိုရယူမယ်၊ Trackpad တွေမှာ အသုံးပြုမယ်ဆိုရင် Input ကို ဘယ်လိုရယူမယ်၊ လေထဲမှာ ဝှေ့ယမ်းခိုင်းစေမယ်ဆိုရင် Input ကို ဘယ်လိုရယူမယ် စတာတွေကို ပြသထားတဲ့ ပုံတွေဖြစ်ပါတယ်။


                နောက်ထပ် ပုံတစ်ပုံမှာတော့ Charger ကိုပါ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ Charger က ဘာအတွက် သုံးမှာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။


                ရှင်းရှင်းပြောရရင် အခု Stylus က မူပိုင်ခွင့်တင်ထားတဲ့ အဆင့်ပဲ ရှိသေးတာ ဖြစ်တဲ့အတွက် Apple ဘက်က တကယ် ထုတ်လုပ်ရောင်းချသွားဖို့ မသေချာပါဘူး။ ဒါပေမယ့် တကယ်သာ ဒီလို Stylus မျိုး ထွက်ရှိလာခဲ့ပြီး ဈေးနှုန်းကလည်း အခု Apple Pencil လောက်ပဲ ရှိမယ်ဆိုရင် တော်တော်ကြီးကို မိုက်မှာပါ။

References
The Verge WIPO
About Author
Assinged Tags
iPhone iPad iPad Pro Patent iPod Touch Apple Watch Apple Apple Pencil apple_stylus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed