LG ကနေ နောက်နှစ်မှာ ထွက်ရှိလာမယ့် iPhone တွေအတွက် L-Shaped Power cells များကို ထုတ်လုပ်ပေးသွားမည်

date_range 24 July 2017

LG ကနေ နောက်နှစ်မှာ ထွက်ရှိလာမယ့် iPhone တွေအတွက် L-Shaped Power cells များကို ထုတ်လုပ်ပေးသွားမည်

visibility 420 Views

                Apple ကနေ မကြာခင်ထွက်ရှိလာတော့မယ့် iPhone 8 မဟုတ်ပဲ နောက်နှစ်မှာထုတ်လုပ်လာမယ့် Apple iPhone 8s (ဒါမှမဟုတ်) iPhone 9 အတွက် Battery ပုံစံအသစ်ကို LG ကနေထောက်ပံ့ပေးဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ 

                အဆိုပါ LG ကနေ ထောက်ပံ့ပေးမယ့် Battery Power cell အသစ်တွေဟာ အောက်ခြေနားမှာ အင်္ဂလိပ်အက္ခရာ "L" ပုံစံကွေးထားမှာဖြစ်ပြီး ဖုန်းရဲ့ Design ကို မထိခိုက်စေပဲ Battery ပမာဏကိုတိုးလာစေမှာဖြစ်ပါတယ်။ 

                လက်ရှိအချိန်မှာတော့ Smartphone တွေအကုန်လုံးနီးပါး လေးထောင့်ပုံစံ Battery တွေကိုပဲအသုံးပြုနေတာဖြစ်ပြီး LG ရဲ့ ယခုပုံစံသစ်ဖြစ်တဲ့ L-Shaped Battery Cells တွေဟာ ပုံမှန်ထက်ဘယ်လောက်ထိပိုပြီး စွမ်းဆောင်ရည်တိုးလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ 

                သတင်းတွေအရတော့ လက်ရှိ LG ကနေ အဆိုပါ L-Shaped Battery ထုတ်လုပ်မှုကို နောက်နှစ်အစောပိုင်းမှာစတင်နိုင်အောင် ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ 

                2018 ခုနှစ်မှာ ထွက်ရှိလာမယ့် Apple iPhone အသစ်မှာ Screen ကို OLED Screen ပြောင်းလဲအသုံးပြုလာမှာဖြစ်ပြီး Screen size တွေအနေနဲ့ 5.28" နဲ့ 6.46" အသီးသီးရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

References
GSM Arena
About Author
Assinged Tags
iPhone LG Battery OLED Display OLED Display Phone Battery Battery Technology Power Cells L Shaped
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed