ဘာနဲ့မှ တွဲသုံးစရာမလိုတဲ့ ဒေါ်လာ ၂၀၀ တန် Wireless VR Headset အသစ်တစ်ခုကို Oculus ဖန်တီးနေ

date_range 14 July 2017

ဘာနဲ့မှ တွဲသုံးစရာမလိုတဲ့ ဒေါ်လာ ၂၀၀ တန် Wireless VR Headset အသစ်တစ်ခုကို Oculus ဖန်တီးနေ

visibility 420 Views

                Facebook က ဝယ်ယူထားတဲ့ Oculus ကုမ္ပဏီဟာ အရင်ထုတ်ပြီးသား Oculus Rift VR Headset ထက် ပိုမိုစျေးသက်သာပြီး၊ လူတိုင်းနီးပါးအသုံးပြုနိုင်မယ့် VR Headset အသစ်တစ်ခုကို ဖန်တီးနေပြီလို့ Bloomberg ရဲ့ Report တစ်ခုအရ သိရပါတယ်။

                Code Name “Pacific” လို့ ပေးထားတဲ့ Oculus VR Headset အသစ်ဟာ လက်ရှိစျေးကွက်ထဲက Samsung Gear VR လို စမတ်ဖုန်းထည့်သုံးရတဲ့ VR Headsets တွေ၊ PC ( သို့ ) Consoles မှာ ကြိုးတပ်သုံးရတဲ့ Oculus Rift စတဲ့  VR Headset တွေလို တခြား Device တစ်ခုခုကို မှီခိုနေစရာမလိုဘဲ၊ သူ့ချည်းသီးသန့် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


                “Pacific” Project နဲ့ ရင်းနှီးသူတွေရဲ့ အဆိုအရ ဒီ VR Headset အသစ်မှာ ကျနော်တို့ အခုစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Snapdragon Processor ကို အသုံးပြုသွားမှာဖြစ်ပြီး၊ OLED Screen နှစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ အရင် Oculus Rift တုန်းကလည်း OLED Screen နှစ်ခုပါတယ်ဆိုပေမယ့်၊ VR Headset အလုပ်လုပ်ဖို့အတွက် ကွန်ပျူတာနဲ့တော့ ချိတ်ဆက်သုံးရပါသေးတယ်။

                Oculus ရဲ့ “Pacific” VR Headset အသစ်ကို Oculus နာမည်နဲ့ပဲ ရောင်းချသွားမှာဖြစ်ပေမယ့်၊ Xiaomi နဲ့ ပူးပေါင်းထားချက်အရ တရုတ်နိုင်ငံမှာတော့ Xiaomi အမှတ်တံဆိပ်နဲ့ ရောင်းချသွားဖို့ရှိပြီး၊ Xiaomi ရဲ့ Software တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။

                Headset ကလွဲလို့ ကျန်တာဘာမှမလိုဘဲ အသုံးပြုနိုင်တဲ့ VR Headset တစ်ခုကို ဖန်တီးဖို့က Facebook နဲ့ Oculus ကုမ္ပဏီတို့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပြီး၊ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထာကာ၊ အောက်တိုဘာလမှကျင်းပမယ့် Oculus ရဲ့ Connect ညီလာခံမှာ ထုတ်ပြသွားနိုင်ခြေ ရှိပါတယ်။

                “Pacific” VR Headset ကို စထုတ်,ထုတ်ချင်းမှာ User ကြည့်နေတဲ့ ဘက် (Direction) ကို Track လုပ်နိုင်မယ့် စွမ်းဆောင်ရည်သာ ပါဝင်လာဖို့ ရှိပြီး၊ နောက်ပိုင်းမှာတော့ User ရဲ့ လှုပ်ရှားမှုတွေကိုပါ Track လုပ်နိုင်မယ့် စွမ်းဆောင်ရည်တွေ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ Commands တွေကို ထိန်းချုပ်ဖို့အတွက်ကတော့ Controller တစ်ခု ပါဝင်လာမှာပါ။

                လက်ရှိမှာ Oculus Rift ရဲ့ အနည်းဆုံးစျေးက ဒေါ်လာ ၄၀၀ လောက်ရှိပြီး၊ တွဲသုံးဖို့အတွက် High-End PC တစ်လုံးကလည်း လိုသေးတာကြောင့် အခြေခံလူတန်းစားအတွက် VR Headset က အလှမ်းကွာဝေးနေပါသေးတယ်။ ဒါပေမယ့် “Pacific” ကို ရောင်းချမယ့် ဒေါ်လာ ၂၀၀ ဆိုတဲ့စျေးက သာမန်စမတ်ဖုန်းတစ်လုံးစျေးလောက်ပဲရှိတာကြောင့်၊ မကြာခင်မှာ VR Headset ဆိုတာ လူတိုင်းလက်လှမ်းမီနိုင်တဲ့ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

                ဒီလိုမျိုး Standalone ( သူ့ချည်းသက်သက်အသုံးပြုနိုင်တဲ့) VR Headset တွေကို Samsung “Odyssey” အမှတ်တံဆိပ်နဲ့ အကောင်အထည်ဖော်နေသလို၊ HTC နဲ့ Lenovo တို့ကလည်း Google Daydream Platform နဲ့ Standalone VR Headsets တွေ ထုတ်လုပ်နိုင်ဖို့ အသီးသီးကြိုးစားလျက်ရှိပါတယ်။

References
Ars Technica Bloomberg
About Author
Assinged Tags
Facebook Virtual Reality Oculus Rift Virtual Reality Oculus Pacific Standalone VR Headsets Samsung Gear VR VR Headsets
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed