Apple မှ Mac နဲ့ iPad ၀ယ်ယူတဲ့ ကျောင်းသားတိုင်းအတွက် Beats နားကြပ်များ လက်ဆောင်ပေးနေ

date_range 13 July 2017

Apple မှ Mac နဲ့ iPad ၀ယ်ယူတဲ့ ကျောင်းသားတိုင်းအတွက် Beats နားကြပ်များ လက်ဆောင်ပေးနေ

visibility 2240 Views

                Apple မှ ကျောင်းသားတွေအတွက် Mac နဲ့ iPad တွေ၀ယ်ယူသူတိုင်း Beats နားကြပ်တွေကို လက်ဆောင်ပေးနေပါတယ်။ ကျောင်းသားတွေဟာ Beats Solo3 Wireless, Beats X, Powerbeats 3 စတဲ့ နားကြပ်သုံးမျိုးထဲက တစ်ခုကို ရွေးချယ်ပြီး လက်ဆောင်ရယူနိုင်မှာဖြစ်ပါတယ်။

                Apple အနေနဲ့ သူ့ရဲ့ Products တွေကို ကျောင်းသားတွေအတွ် စျေးကိုသိသိသာသာ လျှော့ချပြီးရောင်းတာမျိုးတော့ မပြုလုပ်ပါဘူး။ လက်ရှိ MacBook နဲ့ MacBook Pro တွေကို USD $1249 ($50 Discount ချထား) နဲ့ရောင်းချပေးလျက်ရှိပြီး iPad Pro တွေကိုတော့ USD $629 ($20 Discount ချထား) နဲ့ရောင်းချပေးနေပါတယ်။ ဒါပေမဲ့လည်း Beats နားကြပ်တွေရဲ့စျေးနှုန်းဟာ $200 နဲ့အထက်မှာရှိတာမို့ ဒီ Offer ဟာ အတော်တန်တယ်လို့ဆိုရမှာပါ။ 

                ကျောင်းတက်နေရတဲ့ ကျောင်းသားတွေအဖို့တော့ Beats နားကြပ်ထက် $200 Discount ပေးလိုက်တာကမှ MacBook နဲ့ iPad တွေကို၀ယ်ယူဖို့ ပိုတတ်နိုင်လောက်မှာမို့ ဒီ Offer ဟာ ကျောင်းသားတွေအတွက်တော့ သိပ်အသုံးမ၀င်ဘူးလို့  ထင်မြင်မိပါတယ်။

References
The Verge Apple
About Author
Assinged Tags
iPad Apple Store MacBook MacBook Pro Beats Music Beats Headphones Beats Solo3 Wireless Powerbeats 3 Students Sales Offer
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed