Free Wi-Fi Access Point တွေကို Facebook App အတွင်းကနေ ရှာဖွေနိုင်မယ့် Find Wi-Fi Feature

date_range 02 July 2017

Free Wi-Fi Access Point တွေကို Facebook App အတွင်းကနေ ရှာဖွေနိုင်မယ့် Find Wi-Fi Feature

visibility 640 Views

                ကျွန်တော်တို့ Mobile Data အသုံးပြုနေရတဲ့အခါမှာ လိုင်းမကောင်းတာ၊ Data Package နည်းနေတာ၊ ကိုယ်လိုချင်တဲ့ File Download Size ဟာ အရမ်းများလွန်းတာကြောင့် Mobile Data နဲ့ဆွဲဖို့အဆင်မပြေတာ၊ Free Facebook အသုံးပြုနေကြရတဲ့အတွက် Internet Access လိုချင်တဲ့အခါ အဆင်မပြေတာမျိုးတွေ အနည်းနဲ့အများတော့ ကြုံတွေ့ဖူးကြမှာပါ။ အပြင်ရောက်နေတဲ့အခါမှာလည်း Free Wi-Fi တွေအသုံးပြုချင်ပေမဲ့ ဘယ်နေရာမှာရှိတယ်၊ ဘယ်ဆိုင်မှာရတယ်ဆိုတာ အတိအကျမသိတာမျိုးလည်း ရှိပါတယ်။ 

                ဒီလိုအခြေအနေတွေ ကြုံတွေ့ရတဲ့အခါ အဆင်ပြေအောင် Facebook App အတွင်းကပဲ Find Wi-Fi Feature နဲ့ ဘယ်နေရာမှာ Free Wi-Fi Access ရပြီး ဘယ်ဆိုင်မှာတော့ ဘယ်အချိန်အထိရတယ်ဆိုတာကို List View နဲ့ ပြသပေးသွားမှာပါ။ List View နဲ့လည်းကြည့်လို့ရသလို Map နဲ့လည်း Direction ပေးခိုင်းပြီး အနီးဆုံး Wi-Fi Access Point ကိုရှာဖွေခိုင်းလို့ရပါတယ်။


                Facebook ဟာ ကုမ္ပဏီနဲ့ Business အတော်များများရဲ့ Facebook Page တွေမှာရှဲထားတဲ့ Data အရ Free Wi-Fi Access Location တွေကိုစုဆောင်းပေးထားတာပါ။ ဒီ Feature ကိုအသုံးပြုဖို့အတွက် Facebook App ရဲ့  ညာဘက်ဒေါင့်က Menu နေရာမှာ (မိမိ Profile, Friends, Events နဲ့ Saved တွေထားထားတဲ့ နေရာ) Find Wi-Fi ကိုနှိပ်လိုက်ရုံနဲ့ အသုံးပြုလို့ရမှာပါ။

                Find Wi-Fi ဆိုတာ Feature အသစ်တစ်ခုတော့မဟုတ်ပါဘူး။ ဒီ Feature ကို မနှစ်ကတည်းက နိုင်ငံအချို့မှာ အသုံးပြုလို့ရနေခဲ့တာပါ။ အခုအခါမှာတော့ Facebook ကနေ Find Wi-Fi ကို ကမ္ဘာတစ်၀န်းလုံးမှာ အသုံးပြုလို့ရအောင် ပြုလုပ်ပေးတော့မှာမို့လို့ Facebook ရဲ့ စိတ်၀င်စားစရာကောင်းတဲ့ Feature တစ်ခုဖြစ်လာမှာပါ။ 

References
XDA Developers Facebook News Room
About Author
Assinged Tags
Features Facebook Facebook App Find Wi-Fi Facebook Feature
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed