JDI ကနေ ၆ လက်မအကျယ် 18:9 Full Active Display Panel တွေကို စတင်ထုတ်လုပ်

date_range 20 June 2017

JDI ကနေ ၆ လက်မအကျယ် 18:9 Full Active Display Panel တွေကို စတင်ထုတ်လုပ်

visibility 1180 Views

                Japan Display Inc. JDI ကနေ သူတို့ရဲ့ပထမဆုံး 18:9 Ratio အသုံးပြုထားတဲ့ LCD Panel တွေကို အမြောက်အမြားထုတ်လုပ်နေပြီဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ JDI ဆိုတာ နာမည်ကြီး ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sony, Hitachi နဲ့ Toshiba ကုမ္ပဏီသုံးခုရဲ့ LCD ဌာနတွေ ပူးပေါင်းထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ LCD Display တွေ အဓိကထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

                အခု JDI က ထုတ်လုပ်လိုက်တဲ့ Display Panel တွေက LCD Panel တွေဖြစ်ပြီး၊ ၆ လက်မ အရွယ်အစားရှိမှာဖြစ်ပါတယ်။ Display ရဲ့ နာမည်ကို Full Active လို့ပေးထားပြီး 1080 × 2160 Resolution ရှိမှာဖြစ်ပါတယ်။


                အဆိုပါ Display ဟာ ဘေးဘောင်တွေအလွန်ပါးလွှာအောင်ပြုလုပ်ထားပြီးတော့ JDI ရဲ့အဆိုအရ အခုလို Bezels တွေပါးလွှာနေအောင် Wiring နဲ့ Module အသစ်တွေ ပြောင်းလဲတပ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။

                နည်းပညာပိုင်းပိုပြီးအဆင့်မြင့်လာပြီး အနက်ရောင်ကိုပိုပြီး အနက်ရောင်ပီသအောင်ပြနိုင်မည်ဖြစ်ပြီး လက်ရေစိုနေရင်တောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

                ယခုထွက်ရှိလာတဲ့ JDI ရဲ့ Full Active Display Panel တွေကို ပုံမှန် JDI Screen တွေသုံးစွဲနေကြဖြစ်တဲ့ Sony Xperia ဖုန်းတွေမှာ မကြာခင်မြင်လာရဖို့ရှိမှာပါ။

References
GSM Arena
About Author
Assinged Tags
Sony Sony Xperia Display JDI LCD Display Toshiba Hitachi
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed