စကြဝဠာဗေဒပညာရှင်ကြီး Carl Sagan ရဲ့ နောက်ခံစကားပြောနဲ့ “Earth” ဆိုတဲ့ Shot on iPhone ကြော်ငြာဗီဒီယိုသစ်

date_range 08 June 2017

စကြဝဠာဗေဒပညာရှင်ကြီး Carl Sagan ရဲ့ နောက်ခံစကားပြောနဲ့ “Earth” ဆိုတဲ့ Shot on iPhone ကြော်ငြာဗီဒီယိုသစ်

visibility 350 Views

                Apple အနေနဲ့ iPhone Camera ဘယ်လောက်ကောင်းကြောင်း ပြသဖို့အတွက် Shot on iPhone ဆိုတဲ့ Campaign ကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီ Campaign ထဲမှာ ကမ္ဘာအနှံ့က ဓာတ်ပုံပညာရှင်တွေ၊ ဗီဒီယိုပညာရှင်တွေ iPhone Camera နဲ့ ရိုက်ကူးထားတဲ့ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသကာ iPhone Camera ဘယ်လောက်ကောင်းကြောင်း ပြသပါတယ်။

                မနေ့ကညနေကမှ မိတ်ဆက်လိုက်တဲ့ ဗီဒီယိုကတော့ Campaign ထဲမှာရှိပြီးသား အခြားဗီဒီယိုတွေနဲ့ မတူပါဘူး။ ခြားနားတဲ့အပြင် Unique လည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုအတွက် နောက်ခံစကားပြောသူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် အမေရိကန်နိုင်ငံသား စကြဝဠာဗေဒပညာရှင်၊ နက္ခဗေဒပညာရှင်၊ ရူပနက္ခတ္တဗေဒပညာရှင်၊ စကြဝဠာသတ္တဗေဒပညာရှင်ကြီး Carl Sagan ဖြစ်လို့ပါပဲ။

                Carl Sagan ဟာ အခုခေတ် သိပ္ပံပညာရပ်နယ်ပယ်အသီးသီးက ပညာရှင်တွေအားလုံးက လေးစား၊ အားထားခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ Carl Sagan ကိုယ်တိုင်ရေးသား၊ သရုပ်ဆောင်ခဲ့တဲ့ Cosmos: A Personal Voyage ဆိုတဲ့ TV Series ဟာလည်း တစ်ကမ္ဘာလုံးက လူငယ်လေးတွေကို ပြည့်စုံတဲ့ သိပ္ပံဗဟုသုတတွေကို ပေးနိုင်ခဲ့ပြီး၊ ဒီ TV Series ကို ကြည့်ရှုပြီး ကမ္ဘာကျော်သိပ္ပံပညာရှင်တွေ ဖြစ်လာခဲ့တဲ့သူတွေလည်း မနည်းပါဘူး။


                အခုလက်ရှိ နာမည်ကြီး နက္ခဗေဒပညာရှင်ကြီး တစ်ယောက်ဖြစ်တဲ့ Neil deGrasse Tyson ကိုယ်တိုင်လည်း Carl Sagan ရဲ့ Cosmos: A Personal Voyage ကို ကြည့်ရှုပြီး နက္ခဗေဒကို ရူးသွပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Carl Sagan ရဲ့ Comos: A Personal Voyage TV Series ကို အခြေခံထားတဲ့ Cosmos: A Spacetime Odyssey TV Series တွေကို ထုတ်လုပ်ရိုက်ကူးကာ၊ သူကိုယ်တိုင်လည်း သရုပ်ဆောင်ရင်း Carl Sagan ကို ဂုဏ်ပြုခဲ့ပါတယ်။

 

                စကားမစပ်ပြောရရင် TechX ကဘဲတွေလည်း Carl Sagan ရဲ့ Cosmos: A Personal Voyage နဲ့ Neil deGrasse Tyson ရဲ့ Cosmos: A Spacetime Odyssey TV Series တွေကြည့်ပြီး စကြာဝဠာနဲ့ပက်သက်တဲ့ ဗဟုသုတတွေ တိုးခဲ့ရပါတယ်။

                “Earth” ဆိုတဲ့ Shot on iPhone ကြော်ငြာဗီဒီယိုအတွက် နောက်ခံစကားပြောကိုတော့ Carl Sagan ကိုယ်တိုင် သူရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “Pale Blue Dot” ဆိုတဲ့ စာအုပ်ထဲက စာကြောင်းတစ်ချို့ကို သူမကွယ်လွန်ခင် ဖတ်ပြသွားခဲ့တဲ့အသံကို ထည့်သွင်းထားပါတယ်။

                ကမ္ဘာ့နေရာအနှံ့အပြားမှာ iPhone Camera နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကို ပြသထားပါတယ်။ နောက်ခံ Background ကိုတော့ အဖြူရောင်သုံးထားပြီး ဗီဒီယိုတစ်ခုခြင်းစီရဲ့အောက်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုရိုက်ကူးသူတွေရဲ့ နာမည်ကို ပြသထားပါတယ်။

                Apple ကတော့ ဒီဗီဒီယိုကို “Earth” လို့ နာမည်ပေးထားတာဟာ လူသားများအားလုံးအတွက် နေထိုင်စရာအိမ်ကြီးဖြစ်တဲ့ ကမ္ဘာမြေပေါ်က ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေကို ခံစားကြည့်ရှုခြင်း အဓိပ္ပါယ်သက်ရောက်တယ်လို့ ဆိုပါတယ်။

                နောက်ကွယ်က Carl Sagan ပြောသွားတဲ့ စကားလုံးတွေကလည်း ဗီဒီယိုလေးနဲ့ လိုက်ဖက်မှုရှိသလို၊ ထိလည်း ထိရောက်မှုရှိပါတယ်။ ကဲ၊ ဒီတော့ အောက်မှာ ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်...


References
9to5Mac
About Author
Assinged Tags
iPhone Camera Carl Sagan Neil deGrasse Tyson Shot on iPhone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed