iOS 11 မှာ WiFi Password ကို iDevice အသုံးပြုသူ အချင်းချင်းအလွယ်တကူ Sharing ပြုလုပ်နိုင်မည်

date_range 08 June 2017

iOS 11 မှာ WiFi Password ကို iDevice အသုံးပြုသူ အချင်းချင်းအလွယ်တကူ Sharing ပြုလုပ်နိုင်မည်

visibility 350 Views

                လက်ရှိအနေနဲ့ Developer Preview အနေနဲ့ ထွက်ရှိထားတဲ့ iOS 11 မှာ First-Time Setup နဲ့ Account Login Feature အသစ်တွေ အများကြီးပါဝင်လာပါတယ်။ ဒါ့အပြင် iOS 11 အသုံးပြုသူအချင်းချင်း WiFi Network ကို ချိတ်ဆက်ရာမှာလည်း WiFi Password ကိုအလွယ်တကူ Share လုပ်ပေးနိုင်မယ့် Feature သစ်လည်းပါ၀င်လာမှာပါ။ WiFi Share Feature ရဲ့ UI ဟာ AirPods Pairting လုပ်တဲ့အခါမှာအသုံးပြုတဲ့ UI နဲ့လည်းဆင်တူတယ်လို့ဆိုပါတယ်။ 


                တကယ်လို့သာ သင်ဟာ iOS 11 အသုံးပြုထားတဲ့ iPhone/iPad ကိုင်ဆောင်ထားပြီး WiFi Network တစ်ခုကိုချိတ်ဆက်ထားတယ်ဆိုရင် နောက်ထပ် iOS 11 အသုံးပြုထားတဲ့ iPhone/iPad Device တစ်လုံးလုံးက WiFi Network ကိုနှိပ်လိုက်တဲ့အခါ “Enter Password” နေရာကိုရောက်ခဲ့လို့ရှိရင် သင့်ရဲ့ iPhone/iPad မှာ “Share Your Wi-Fi” ဆိုပြီး “Send Password” Button ပါ၀င်တဲ့ Pop-Up Dialog တစ်ခုပေါ်လာမှာပါ။ Share မလုပ်ချင်ဘူးဆိုရင်တော့ အလွယ်တကူ “x” Button လေးကိုနှိပ်ပြီး Cancel လုပ်နိုင်ပါတယ်။


                ဒီလို Feature ကို Android ဖုန်းပေါ်မှာ QR Code Scanning နဲ့သာ အများဆုံးတွေ့ရပြီး WiFi ချိတ်ဆက်ထားတဲ့ဖုန်းကနေမှ တဆင့် ချိတ်ဆက်ချင်တဲ့ တခြား Android ဖုန်းတစ်လုံးက QR Code Scan ဖတ်နေရတာမို့ တစ်ချက်တည်း Tap လုပ်လိုက်ရုံနဲ့ WiFi Share နိုင်တဲ့ iOS 11 မှာပါ၀င်တဲ့ Feature ကပိုပြီးအလုပ်ရှုပ်သက်သာပါတယ်။ 

                အရမ်းကြီး အရေးပါတဲ့ Feature အသစ်တစ်ခုမဟုတ်ပေမဲ့လည်း iOS 11 မှာ iPhone/iPad အသုံးပြုသူတွေကို ပိုမိုကောင်းမွန်တဲ့ OS Experience တွေပေးနိုင်ဖို့ Apple ကနေအတော်လေးကြိုးစားထားတာကိုတွေ့ရပါတယ်။

References
9To5 Mac
About Author
Assinged Tags
iPhone iOS iPad iOS 10 WiFi Share WiFi Password
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed