Live Video တွေမှာ စာတန်းထိုးပေးတော့မယ့် Facebook

date_range 08 June 2017

Live Video တွေမှာ စာတန်းထိုးပေးတော့မယ့် Facebook

visibility 600 Views

                Facebook ဟာ သူ့ရဲ့ Live Videos တွေကို အကြားအာရုံမကောင်းတဲ့လူတွေလည်း ခံစားကြည့်ရှုလို့ရအောင်အတွက် Publishers တွေရဲ့ Live Videos တွေမှာ Closed Captions ထည့်သွင်းခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

“ အခုကစပြီး Publishers တွေကို Live ထုတ်လွှင့်မှုတွေမှာ Closed Captions ထည့်ပေးလိုက်တာကြောင့်၊ Live ဗီဒီယိုတွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အချိန်တွေကို လူပေါင်း ပိုမိုများပြားစွာ ပါဝင်ခံစားနိုင်ပါပြီ”

                လို့ Facebook က သူတို့ Blog Post မှာ အင်္ဂါနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

                US မှာတင် အကြားအာရုံချို့တဲ့သူပေါင်းက ၃၈ သန်းလောက် ရှိတာကြောင့်၊ စာတန်းထိုးပါတဲ့ Live Video တွေက သူတို့အတွက် ပိုမိုအဆင်ပြေပါလိမ့်မယ်။

                Live Video မဟုတ်ဘဲ၊ ဒီတိုင်း Upload လုပ်တဲ့ ဗီဒီယိုတွေမှာ Closed Captions ထည့်သွင်းနိုင်ခွင့်ကို Page တွေအတွက် ပေးထားတာ နည်းနည်းကြာနေပြီဖြစ်ပြီး၊ အခုမှ Live Video တွေမှာ ရရှိလာတာဖြစ်ပါတယ်။ ဒါတောင် လူတိုင်းရရှိမှာမဟုတ်ဘဲ Publishers တွေပဲ ရရှိမှာဖြစ်ကာ၊ Facebook ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ Speech Recognition Service ကနေလည်း အလိုအလျောက် စာတန်းထိုးပေးမှာမဟုတ်ပါဘူး။

                Live Video မှာ စာတန်းထိုးချင်တယ်ဆိုရင် Publishers တွေအနေနဲ့ Facebook Live API ကို အသုံးပြုပြီး၊ CEA-608 Standard Closed Captions တွေကို ထည့်ပေးရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ တခြား Third-Party Captioning Companies တွေဖြစ်တဲ့ Ai-Media တို့ Telestream တို့ အသုံးပြုပြီး၊ Live Video မှာ အလိုအလျောက်စာတန်းထိုးနိုင်ပါတယ်။ Mobile ကော Desktop ကပါ Closed Captions တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် User ဘက်က ဒီလိုမြင်တွေ့ဖို့အတွက်တော့ Facebook Settings ထဲက Videos မှာ Captions ကို On ပေးထားဖို့ လိုပါတယ်။

                Video ကို ဦးစားပေးသွားနေတဲ့ Facebook ဟာ YouTube လိုမျိုး Caption ပါပြီးသား Video တွေကို သူတို့ Platform မှာ ပိုမိုမြင်တွေ့ရဖို့ အခုလိုကြိုးစားနေတာဖြစ်ပါတယ်။

References
Tech Crunch Facebook Newsroom
About Author
Assinged Tags
Facebook Facebook Live Live Video Social Media Closed Captions Automatic Closed Captioning
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed