Camera Controls တွေကို Gesture တွေသုံးပြီး ထိန်းချုပ်နိုင်မယ့် “Halide” ဆိုတဲ့ Professional Camera App အသစ်

date_range 31 May 2017

Camera Controls တွေကို Gesture တွေသုံးပြီး ထိန်းချုပ်နိုင်မယ့် “Halide” ဆိုတဲ့ Professional Camera App အသစ်

visibility 800 Views

                “Halide” ဆိုတာ ဓာတ်ပုံတွေကို Professional ဆန်ဆန် iPhone နဲ့ ရိုက်ကူးချင်သူများအတွက် iOS အတွက် Twitter App ရေးသားခဲ့ရာမှာ နည်းပညာခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ Ben Sandofsky နဲ့ Apple မှာ Designer တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Sebastiaan de With တို့ ပူးပေါင်းရေးသားထားတဲ့ iOS အတွက် Professional Camera App အသစ်လေးပဲ ဖြစ်ပါတယ်။

                Halide ဟာ App Store မှာရှိနေတဲ့ အခြား Professional Camera App တွေလိုမျိုး ရိုက်ချင်တဲ့မြင်ကွင်းကို ချိန်ထားပြီးလို့ ISO ပြင်ချင်လို့ပဲဖြစ်ဖြစ်၊ Exposure ပြင်ချင်လို့ပဲဖြစ်ဖြစ်၊ ဟိုဝင်၊ ဒီဝင်၊ ဟိုဟာနှိပ်၊ ဒီဟာနှိပ်၊ စတာတွေ လုပ်စရာမလိုပါဘူး။ 

                Halide App ထဲကို ဝင်လိုက်မယ်ဆိုရင် Camera Controls တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပြသထားဖြစ်ပြီး၊ Camera Controls တွေကို မတူညီတဲ့ Gesture တွေအသုံးပြုကာ ထိန်းချုပ်နိုင်တာကြောင့် Viewfinder ကို အနှောင့်အယှက်မဖြစ်စေပဲ၊ Professional ဆန်တဲ့ ဓာတ်ပုံတွေကို လျှင်လျှင်မြန်မြန် ရိုက်ကူးနိုင်မှာပါ။


                Automatic Mode နဲ့ Manual Mode နှစ်မျိုးစလုံး အသုံးပြုလို့ရမှာပါ။ Professional Camera တစ်လုံးလိုပဲ ISO, Shutter Speed, White Balance, Aperture, Exposure စတာတွေကို ချိန်ညှိနိုင်မယ့် Controls တွေ၊ RAW + JPG Capture ၊ 3x3 Grid အပြင် ရေချိန်တိုင်းထွာနိုင်မယ့် Tool တစ်ခု၊ စသည်ဖြင့် စုံစုံလင်လင် ပါဝင်ပါတယ်။

                ဒီလိုမျိုး စုံစုံလင်လင်ပါဝင်တဲ့ Camera Controls တွေကိုလည်း Swipe, Tap စတဲ့ Gesture တွေအသုံးပြုပြီး လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မှာပါ။ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုလည်း Halide App ကို စပြီးဖွင့်ဖွင့်ခြင်း Tutoials လေးတွေနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။

                Halide ဟာ Photography ကို ဦးစားပေးထားတာကြောင့်၊ Video တော့ ရိုက်လို့ရမှာ မဟုတ်ပါဘူး။ iOS 10 တင်ထားတဲ့ iPhone 5 နှင့်အထက် iPhone တွေမှာ အသုံးပြုလို့မှာပါ။ iPhone 7 Plus မှာဆိုရင်တော့ Optical Zoom ပဲ အသုံးပြုလို့ရမှာဖြစ်ပြီး Digital Zoom သုံးလို့ရမှာ မဟုတ်ပါဘူး။

                အပျော်တမ်းဓာတ်ပုံ ရိုက်ချင်သူတွေအတွက်လည်း Automatic Mode နဲ့ ရိုက်ကူးနိုင်ပြီး၊ Pro တွေအတွက်လည်း ရှုပ်ထွေးလှတဲ့ Camera Controls တွေကို ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ပြီး၊ ဓာတ်ပုံကောင်းတွေ ရိုက်ကူးပေးနိုင်မယ့် App လေးတစ်ခု ဖြစ်ပါတယ်။

                Feature တွေ၊ Camera Controls တွေစုံစုံလင်လင်ပါဝင်တဲ့ ဒီ App လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ App Store မှာ အမေရိကန်ဒေါ်လာ ၂.၉၉ ဒေါ်လာနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ အခုဈေးနှုန်းက Promotion ပေးထားတဲ့ ဈေးနှုန်းဖြစ်ပြီး၊ နောက်ထပ်တစ်ပါတ်၊ နှစ်ပါတ်လောက်နေရင် ဈေးတက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူချင်တဲ့သူတွေအနေနဲ့ အမြန်ဆုံးဝယ်ယူထားမှ တော်ကာကျပါလိမ့်မယ်။

References
9to5Mac Halide
About Author
Assinged Tags
iPhone iPhone 7 Plus Camera App Halide
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed