Facebook Live မှာ တစ်ပြိုင်နက်တည်း နှစ်ယောက်အတူတူ Live လွှင့်ခွင့်ရရှိလာမည်

date_range 25 May 2017

Facebook Live မှာ တစ်ပြိုင်နက်တည်း နှစ်ယောက်အတူတူ Live လွှင့်ခွင့်ရရှိလာမည်

visibility 450 Views

                Facebook အနေနဲ့ လက်ရှိအချိန်မှာ စိတ်၀င်စားစရာ Feature အသစ်တွေ ဆက်တိုက်မိတ်ဆက်ပေးလျှက်ရှိရာ အခုအခါမှာတော့ Facebook Live မှာ ကိုယ့်ရဲ့ Facebook ကသူငယ်ချင်းနောက်တစ်ယောက်ကိုပါ Live တူတူလွှင့်ဖို့ Invite လုပ်လို့ရလာမှာဖြစ်ပါတယ်။ ဒီ Feature ကို Facebook က Verified(အပြာရောင်အမှန်ခြစ်) ဖြစ်ထားတဲ့ Page တွေနဲ့ Profile တွေသာအသုံးပြုခွင့်ရခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ iOS အသုံးပြုသူအများစုရဲ့ Facebook app ကနေအသုံးပြုလို့ရလာပြီပဲဖြစ်ပါတယ်။ 


                Portrait Mode၊ Landscape Mode နှစ်ခုစလုံးကို Support ပေးပြီး Portrait ဆိုပါက Invite လုပ်ခံရတဲ့သူဟာ Picture-In-Picture ပုံစံနဲ့ပေါ်လာမှာဖြစ်ပြီး Landscape ဆိုရင်တော့ Invite ခံရတဲ့သူက ပုံမှာပြထားတဲ့အတိုင်း ဘေးချင်းယှဉ်ပြီး (Split-Screen ပုံစံ) ပေါ်လာမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီ Feature ကို Android မှာ အသုံးပြုလို့မရသေးတဲ့အပြင် Facebook ဘက်မှလည်း ဘယ်တော့လောက်ရမယ်ဆိုတာကို ပြောကြားထားခြင်းမရှိသေးပါဘူး။

                နောက်ထပ် Update တစ်ခုအနေနဲ့ကတော့ Facebook Live ကြည့်ရှုနေစဉ်မှာ အရင်က ကိုယ့် Facebook သူငယ်ချင်းကို Invite တစ်ခုတည်းလုပ်ခွင့်ရခဲ့ပေမဲ့ အခုအခါမှာတော့ ကိုယ့်သူငယ်ချင်းနဲ့အတူတူ ကြည့်ရှုနေစဉ်မှာပဲ Private Chat ပြုလုပ်လို့ရလာမှာပါ။ Live ကြည့်နေရင်းနဲ့ အတူတူကြည့်နေတဲ့ သူငယ်ချင်းတွေကို သီးသန့်စကားပြောခွင့်ရလာတာကြောင့် အရင်ကလို Messenger အသုံးပြုပြီး Chat နေရလို့ Live ကြည့်နေတဲ့ Area ကိုဖုံးကွယ်သွားတာမျိုးမဖြစ်တော့ပါဘူး။ ဒီ Feature ကိုလည်း Android မှာအသုံးပြုလို့ ရ/မရဆိုတာကို Facebook မှ တစ်စုံတစ်ရာပြောကြားထားခြင်းမရှိသေးပါဘူး။

 

                Facebook ဘက်မှလည်း ဒီ Live Feature အသစ်တွေကို မိတ်ဆက်ပေးရာမှာ အခက်အခဲတွေလည်းရှိနေပါသေးတယ်။ Facebook အသုံးပြုသူအချို့ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတာတွေ၊ လူသတ်တာတွေ၊ အခြားရုတ်ရင်းကြမ်းတမ်းတဲ့အရာတွေနဲ့အတူ လိင်မှုကိစ္စများကိုပါ Live Broadcast တွေထုတ်လွှင့်ခဲ့ကြပါတယ်။ Facebook CEO ဖြစ်တဲ့ Mark Zuckerberg က Facebook's Annual Developer Conference မှာ ဒီလိုကိစ္စတွေ ထပ်မံမဖြစ်ပွားအောင် ကြိုးစားနေပြီး လုပ်စရာတွေလည်းအများကြီးရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

References
Cnet
About Author
Assinged Tags
Facebook iPhone iOS Facebook Live Live Video Live Streaming iOS App Related Facebook Messenger Facebook App Social Media Live
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed