Facebook မှာ အစားအသောက်တွေ မှာယူနိုင်တဲ့ “Order Food” Feature ပါဝင်လာ

date_range 23 May 2017

Facebook မှာ အစားအသောက်တွေ မှာယူနိုင်တဲ့ “Order Food” Feature ပါဝင်လာ

visibility 300 Views

                Facebook ကတော့ သူ့ထဲကနေ ဘယ်သူမှအပြင်ပြန်ထွက်စရာမလိုအောင် ထပ်လုပ်လိုက်ပြန်ပါပြီ။

                အခုအခါ Facebook Web ဗားရှင်းနဲ့ Mobile App တို့မှာ “Order Food” ဆိုတဲ့ Feature သစ်တစ်ခု ပါဝင်လာပြီဖြစ်ပြီး၊ Facebook အသုံးပြုသူတစ်ယောက်အနေနဲ့ တခြား Website ဒါမှမဟုတ် တခြား App တစ်ခုထဲ သွားစရာမလိုဘဲ၊ Facebook ကနေတင် အစားအသောက်မှာနိုင်ပြီဖြစ်ပါတယ်။

                အရင်တုန်းက Facebook ကနေ Food Order မှာချင်တယ်ဆိုရင် စားသောက်ဆိုင်တွေရဲ့ Facebook Pages တစ်ခုချင်းကို လိုက်ကြည့်ပြီး၊ Online ကနေ Food Order မှာလို့ရလား သွားကြည့်နေရပေမယ့်၊ အခုတော့ Facebook Feature တစ်ခုအနေနဲ့ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။

                Delivery.com, Slice တို့နဲ့ Facebook တို့ ပူးပေါင်းကာ “Order Food” Feature ကို ထုတ်ပေးခဲ့တာဖြစ်ပြီး၊ လောလောဆည် US က Facebook User တွေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Delivery.com တို့ Slice တို့လည်း ကျနော်တို့ မြန်မာနိုင်ငံဆီ ဝင်လာရင် ကျနော်တို့ဆီက User တွေပါ အသုံးပြုနိုင်မှာပေါ့။

                Facebook ကနေ “Order Food” လုပ်ချင်တယ်ဆိုရင် Facebook App ရဲ့ ဘေးဘက် Menu Bar ထဲက ဟမ်ဘာဂါပုံ “Order Food” ဆိုတာကို နှိပ်လိုက်တာနဲ့ ကိုယ့် Location ကို အရင်ရွေးပေးရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ်မှာယူနိုင်တဲ့ စားသောက်ဆိုင်စာရင်း (Delivery.com နဲ့ ချိတ်ထားတဲ့ စားသောက်ဆိုင်တွေ) ကျလာမှာဖြစ်ပါတယ်။

                စားသောက်ဆိုင်တစ်ခုချင်းစီမှာ ခေါင်းစီးဓာတ်ပုံ၊ အနည်းဆုံးကနေ အများဆုံးစျေးနှုန်း၊ ကြယ်ပွင့်သတ်မှတ်ချက်နဲ့ စားသောက်ဆိုင်အမျိုးအစား တို့ကိုလည်း ဖော်ပြပေးထားမှာဖြစ်တာကြောင့်၊ User အနေနဲ့ ကိုယ့်စိတ်ကြိုက်စားသောက်ဆိုင်ကနေ မှာယူနိုင်မှာပါ။ လာပို့ပေးမှာလား၊ သွားယူရမှာလား ဒါမှမဟုတ် နှစ်ခုလုံးရလားဆိုတာကိုလည်း ပြပေးထားမှာပါ။ သေချာပြီဆိုရင် ကိုယ်မှာချင်တဲ့ဆိုင်ကနေ Start Order လုပ်ပေးလိုက်ရုံပါပဲ။

                စမ်းသပ်အသုံးပြုခဲ့တဲ့ User တစ်ယောက်ရဲ့ အဆိုအရ Order လုပ်လိုက်ပြီဆိုရင်၊ စားသောက်ဆိုင် Menu ထဲကနေ ကိုယ်မှာချင်တဲ့အစားအစာကို ရွေးယူနိုင်ပြီး၊ Cart ထဲ ထပ်ထည့်တာ၊ Tip ပေးတာ နဲ့ Facebook ကနေတင် ငွေချေတာ အကုန်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ Facebook ကနေတင် ငွေပေးဖို့ဆိုရင်တော့ ကိုယ့် Facebook အကောင့်မှာ Master/Visa Card တစ်ခုခု Payment ထည့်ထားဖို့တော့ လိုအပ်မှာပါ။

                Payment လုပ်ပြီးသွားပြီဆိုရင်၊ Email နဲ့ ကိုယ့်အမှာစာကို အကြောင်းကြားမှာဖြစ်ကြောင်း Screen တစ်ခု တက်လာမှာဖြစ်ပြီး၊ ဘယ်အချိန်လောက် Order ရောက်မလဲ ဒါမှမဟုတ် ဘယ်အချိန် ကိုယ်သွားယူလို့ရမလဲဆိုတာကိုပါ အချိန်ဖော်ပြပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

                “Order Food” Feature ဟာ ကျနော်တို့ ဖုန်းတွေထဲမှာထည့်ထားတဲ့ App တွေရဲ့ လုပ်ဆောင်ချက်တွေအကုန်လုံးကို  Facebook App ထဲမှာတင် လုပ်လို့ရအောင် ကြိုးပမ်းနေတဲ့ Mark Zuckerberg ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုလို့ ပြောရမှာပါ။

References
Tech Crunch
About Author
Assinged Tags
Facebook News Order Food
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed