Acer ရဲ့ မျိုးဆက်သစ် မျက်နှာပြင်ကွေး Gaming Monitor Predator Z35P

date_range 24 May 2017

Acer ရဲ့ မျိုးဆက်သစ် မျက်နှာပြင်ကွေး Gaming Monitor Predator Z35P

visibility 100 Views

                ယနေ့ Acer က မိတ်ဆက်လိုက်တဲ့ ၃၅ လက်မ မျက်နှာပြင်ကွေး Gaming Monitor Predator Z35P ဟာ အရင် Z35 ရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။

                ဒီမျိုးဆက်သစ် Gaming Monitor ဟာ အရင်အဟောင်းထပ် Resolution ပိုမိုကောင်းမွန်လာပါတယ်။ အရင်အဟောင်းတုန်းက 2560x1080 Resolution ပဲ ရှိခဲ့ပေမယ့် အခုမျိုးဆက်သစ်မှာတော့ 3440x1440 Resolution တောင် ရှိပါတယ်။

                Z35P ဟာ ပိုပြီးလည်း ပါလွှာသွားတဲ့အပြင်၊ Stand ရဲ့ ဒီဇိုင်းကလည်း သေးသေးလေးနဲ့ Gamer တွေအကြိုက် လုပ်ထားတာကို တွေ့ရမှာပါ။

                Gaming Monitor ဖြစ်တာကြောင့် Response Time အနေနဲ့ 4 Millisecond, Maximum Brightness က 300 nit ရှိတဲ့အပြင် Nvidia ရဲ့ G-Sync Technology ကိုလည်း Support ပေးထားပါသေးတယ်။ 

                ဒီကောင့်ရဲ့ မကောင်းတဲ့အချက်တစ်ချက်ကတော့ Refresh Rate ပဲဖြစ်ပါတယ်။ Default အနေနဲ့ 100Hz ပဲရှိမှာဖြစ်ပြီး Overclock လုပ်ရင်တောင် 120Hz ပဲရှိမှာဆိုတော့ အခြေနေဆိုးတယ်လို့ ပြောရမှာပါ။ Z35 တောင်မှ Refresh Rate က 200Hz ရှိပါတယ်။ မော်ဒယ်လ်အဟောင်းထက်တောင် Refresh Rate က ဘာလို့နည်းနေတာလဲဆိုတာကတော့ Acer ပဲ သိပါလိမ့်မယ်။

                Predator Z35P ကို Amazon ကနေ Preorder မှာယူနိုင်ပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၀၉၉.၉၉ ဒေါ်လာကျသင့်မှာဖြစ်ကာ ပို့ဆောင်တာကတော့ ရက်သတ္တပါတ် ၂ ပါတ်ကနေ ၃ ပါတ်အတွင်း ကြာချိန်ရှိမှာ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Acer Gaming Monitor Predator Z35P
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed