Facebook Group Admins တွေအနေနဲ့ Member အသစ်တွေကို ကြိုတင်မေးခွန်းထုတ်ပြီး ရွေးချယ်နိုင်ပြီ

date_range 16 May 2017

Facebook Group Admins တွေအနေနဲ့ Member အသစ်တွေကို ကြိုတင်မေးခွန်းထုတ်ပြီး ရွေးချယ်နိုင်ပြီ

visibility 350 Views

                Facebook Group Admins တွေအနေနဲ့ ယခုအခါ ကိုယ့် Group ထဲဝင်ဖို့အတွက် Request လုပ်တဲ့ Member အသစ်တွေကို မေးခွန်းတွေ ကြိုမေးထားပြီး ရွေးချယ်နိုင်ပါပြီ။

                ဒီနည်းကြောင့် Group Admin တွေအနေနဲ့ Group ထဲဝင်ဖို့ Request လုပ်တဲ့သူက Group အကြောင်းအရာနဲ့ သက်ဆိုင်တဲ့သူဖြစ်ရဲ့လား၊ Group က တင်တဲ့အကြောင်းအရာတွေကို သေချာသိနားလည်တဲ့လူဖြစ်ရဲ့လား ဆိုတာ Member လျှောက်ထားသူရဲ့ အဖြေကိုကြည့်ပြီး ဆုံးဖြတ်နိုင်မှာပါ။ Group အကြောင်းအရာကို သေချာမသိဘဲ Spam လုပ်ဖို့သက်သက် ဝင်လာသူတွေဆိုရင် Group မေးခွန်းတွေကို ကောင်းကောင်းဖြေနိုင်မှာမဟုတ်တာကြောင့် Group Admin တွေနဲ့ သေချာရွေးချယ်နိုင်လာမှာ ဖြစ်ပါတယ်။

                အရင်က ဒီ Feature ကို တချို့နိုင်ငံတွေမှာ ရရှိပြီးသားဖြစ်ပေမယ့်၊ အခုမှ တစ်ကမ္ဘာလုံးမှာ အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။

                Group Admins တွေအနေနဲ့ Group ထဲဝင်ဖို့ Request လုပ်မယ့်သူတွေကို ကြိုတင်မေးခွန်းထုတ်ချင်တယ်ဆိုရင်၊ Group Settings ထဲက “Ask Pending Member Questions” ဆိုတာကို နှိပ်ပြီး မေးခွန်းထုတ်နိုင်ပါတယ်။


                မေးခွန်းစုစုပေါင်း ၃ ခုအထိ မေးမြန်းနိုင်ပြီး၊ ဖြေမယ့်သူက မေးခွန်းတစ်ခုကို စာလုံးရေ အများဆုံး ၂၅၀ အထိ ဖြေဆိုနိုင်ပါတယ်။ ဖြေတဲ့လူဘက်ကလည်း ကိုယ့်အဖြေကို Admin က Review မလုပ်ရသေးဘူးဆိုရင် အဖြေကိုပြန်လည်ပြင်ဆင်နိုင်ပါတယ်။


                Group ကို Request နှိပ်တဲ့လူတွေအနေနဲ့ မေးခွန်းတွေဖြေဖို့ အရင်ပေါ်လာမှာဖြစ်ပြီး၊ Invite လုပ်ခံရရင်တော့ Link (Notification) ကို နှိပ်လိုက်ရင် မေးခွန်းဖြေဖို့ ပေါ်လာမှာပါ။

                ဒီနည်းလမ်းနဲ့ Spam တွေကို တားဆီးနိုင်မှာဖြစ်ပေမယ့်၊ Group အကြောင်းအရာကို သိရဲ့သားနဲ့ တမင်သက်သက် Troll ဖို့ ဝင်လာတဲ့သူတွေကိုတော့ ကြိုတင်တားဆီးနိုင်မှာမဟုတ်ပါဘူး။ 

References
Tech Crunch
About Author
Assinged Tags
Facebook Facebook Group Screening
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed