သတင်းအတုတွေ ဖြန့်ဝေနေတဲ့ UK Account ပေါင်း သောင်းကျော်ကို Facebook ဖျက်ပစ်

date_range 10 May 2017

သတင်းအတုတွေ ဖြန့်ဝေနေတဲ့ UK Account ပေါင်း သောင်းကျော်ကို Facebook ဖျက်ပစ်

visibility 100 Views

                မလိုလားအပ်တဲ့ အမုန်းတရားတွေ ပွားစေနိုင်တဲ့ Fake News ခေါ် လံကြုပ်သတင်းတွေရဲ့ အန္တရာယ်ကို ကျနော်တို့ ကောင်းကောင်းသိရှိပြီးလောက်ပြီလို့ ထင်ပါတယ်။

                ဒီလို လံကြုပ်သတင်းတွေကို Audience Network တွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ Facebook နဲ့ Google တို့ဟာ အစောပိုင်းက လက်ပိုက်ကြည့်နေခဲ့ပေမယ့်၊ အခုနှစ်အတွင်းမှာတော့ ထိထိရောက်ရောက်တိုက်ဖျက်နေပါပြီ။

                Facebook ဟာ လွန်ခဲ့တဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကျော့မတိုင်ခင်တုန်းက လံကြုပ်သတင်းတွေဖြန့်နေတဲ့ ပြင်သစ်အကောင့်ပေါင်း ၃၀,၀၀၀ ကျော်ကို ရပ်ဆိုင်းခဲ့သလိုမျိုး၊ အခုလည်း ဂျွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ဗြိတိန်အထွေထွေရွေးကောက်ပွဲမတိုင်ခင် UK Facebook အကောင့်ပေါင်း သောင်းကျော်ကို ဖျက်ပစ်ခဲ့ကြောင်း ကြေငြာလိုက်ပါတယ်။

                အခုဖျက်ပစ်လိုက်တဲ့ Facebook အကောင့်တွေဟာ UK က အကောင့်တွေဖြစ်ပြီး၊ သတင်းအတုတွေနဲ့ Spam တွေကို တမင်သက်သက်ဖြန့်ချိနေတဲ့ အကောင့်တုတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ 

                ဘယ်သူက သတင်းအတုတွေ၊ Spam တွေ ဖြန့်နေလဲဆိုတာကို ခွဲခြားသိရှိဖို့အတွက် Facebook ဟာ နည်းပညာအသစ်တစ်ခု မိတ်ဆက်ထားပြီးဖြစ်သလို၊ သတင်းတစ်ခုရဲ့ အရင်းအမြစ်ခိုင်မာမှုကို စစ်ဆေးဖို့အတွက်လည်း  ဘက်လိုက်မှုမရှိတဲ့သတင်းအချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူထားပါတယ်။

“ လူတိုင်းက Facebook မှာ မှန်ကန်တိကျတဲ့သတင်းတွေကိုပဲ ဖတ်ချင်မှာပါ။ ဒါကြောင့်လည်း သတင်းအတုပြဿနာကို ကျနော်တို့ အစွမ်းကုန်ကိုင်တွယ်နေတာပါ။” 

                လို့ Facebook UK ရဲ့ မူဝါဒရေးရာဒါရိုက်တာ Simon Milner က ပြောကြားခဲ့ပါတယ်။

                Facebook ဟာ User တွေဆီ ဒီလို မခိုင်လုံတဲ့သတင်းတွေ မရောက်ရှိအောင်အတွက်လည်း သံသယရှိဖွယ်သတင်းဆောင်းပါးတွေကို Reach (ပို့စ်ရောက်ရှိနိုင်တဲ့လူဦးရေ အရေအတွက်) ချထားပြီး၊ Facebook Newsfeed မှာ သိပ်မမြင်တွေ့ရအောင်ပါ လုပ်နေပြီလည်း ဖြစ်ပါတယ်။

                Facebook ဟာ အင်တာနက်ပေါ်က သတင်းအတုတွေကို ဘယ်လိုခွဲခြားသိရှိနိုင်မလဲဆိုတဲ့ အကြံပြု နည်းလမ်းတွေကို  ဗြိတိန်သတင်းစာတွေမှာပါ ကြော်ငြာထည့်သွင်းပြီး Fake News တွေကို အမှန်အကန်တိုက်ဖျက်လျက် ရှိပါတယ်။

References
New York Times Telegraph
About Author
Assinged Tags
Facebook Fake News News
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed