Adobe Flash Player Installer ဟန်ဆောင်ထားတဲ့ “Snake” ဆိုတဲ့ Malware တစ်မျိုး Mac ကို ကူးစက်နေ

date_range 06 May 2017

Adobe Flash Player Installer ဟန်ဆောင်ထားတဲ့ “Snake” ဆိုတဲ့ Malware တစ်မျိုး Mac ကို ကူးစက်နေ

visibility 560 Views

                Windows Backdoor Malware တစ်မျိုးဖြစ်ပြီး “Snake” လို့လူသိများတဲ့ Malware ဟာ ပထမဆုံးအနေနဲ့ Mac ကိုပါ ကူးစက်နေပြီလို့ သိရပါတယ်။

                ဒီ Malware ကို Snake အပြင် Turla ဒါမှမဟုတ် Uroburos လို့လည်း ခေါ်ကြပါသေးတယ်။ ဒီ Malware ဟာ ၂၀၀၈ ခုနှစ်ထဲက Windows အသုံးပြုတဲ့ စက်တွေကို ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Linux ကိုပါ ကူးစက်ခဲ့ပြီး အခုကတော့ Mac တွေကိုပါ ကူးစက်နေတာ ဖြစ်ပါတယ်။

                ဒီ Malware ကို လွန်ခဲ့တဲ့တစ်ပါတ်က Adobe Flash Player Installer အနေနဲ့ ဟန်ဆာင်ထားပြီး “Install Adobe Flash Player.app.zip” ဆိုတဲ့ File Name အောက်မှာ ပုန်းနေတာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ တကယ့် Adobe Flash Player Installer နဲ့ ဆင်တူပြီး Software Certificate ကို စစ်ကြည့်လိုက်မှ အတုကြီးမှန်းသိသာတာ ဖြစ်ပါတယ်။


                အကယ်လို့ User က Adobe Flash Player ထင်ပြီး Install လုပ်လိုက်မယ်ဆိုရင်တောင် တကယ့် Flash Player ကို Install လုပ်ပေးသွားတယ်ဆိုပေမယ့် Snake ကိုပါ Install လုပ်ပေးသွားပြီး /Library/Scripts/folder အောက်မှာ Adobe Launch Process တစ်ခုအနေနဲ့ ဖွက်ထားလိုက်ပါတယ်။


ဒီ Malware နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတစ်ဦးက

“ပြောရရင် ဒီကောင်က အခုလတ်တစ်လော ထွက်ရှိလာတဲ့ Malware တွေထဲမှာမှ တော်တော်လေး ခိုးကြောင်ခိုးဝှက်နိုင်တဲ့ ကောင်လို့ပြောရမယ်ဗျ။ ဒီကောင်က Trojan ပဲ ရှိသေးတယ် ဆိုပေမယ့် အန္တရာယ်ပေးနိုင်တာမို့လို့ ဂရုစိုက်ဖို့တော့ ပြောချင်ပါတယ်။”

လို့ ပြောထားပါတယ်။

                ဒီ Malware မိမိ Mac ကို ကူးစက်သွားပြီဆိုရင် မိမိရဲ့ အရေးကြီးတဲ့ Data တွေပါသွားနိုင်တာမို့လို့ Mac အသုံးပြုသူတွေအနေနဲ့ ဂရုစိုက်ကြဖို့တော့ လိုအပ်ပါတယ်။ လောလောဆယ် ကိုယ်က Adobe Flash Player Installer လိုချင်တယ်ဆိုရင်တောင် Adobe ရဲ့ Official Website ကပဲ သွား Down တာ အကောင်းဆုံးပဲ ဖြစ်မှာပါ။

                Apple အနေနဲ့ ဒီ Malware က တရားမဝင်ရယူထားတဲ့ Software Certificate ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် နောက်ထပ်ကူးစက်နိုင်မယ့် နည်းလမ်းသစ်တွေလည်း ရှိလာဦးမှာဖြစ်တာကြောင့် Mac User တွေအနေနဲ့ Mac App Store ဒါမှမဟုတ် ယုံကြည်ရတဲ့ Developer တွေ ရေးသားထားတဲ့ Software တွေကိုပဲ Down ကြပါလို့ Recommend ပေးထားပါတယ်။

                TechX ပရိတ်သတ်တွေအနေနဲ့လည်း မိမိ Mac ထဲမှာ Malware တွေ ရှိနေပြီလားဆိုတာကို Malwarebytes ဆိုတဲ့ Anti-Malware App လေးနဲ့ စစ်ကြည့်နိုင်ပါတယ်။ ဒီ App လေးကို ဒီမှာ သွား Down နိုင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း သုံးနေပြီး တကယ်လည်းကောင်းတဲ့ App လေးမို့လို့ Mac User တွေ အနေနဲ့ စိတ်ချလက်ချ Down နိုင်ပါတယ်။

References
MacRumors
About Author
Assinged Tags
macOS Malware
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed