iOS နဲ့ macOS အတွက် iWork Apps တွေကို Update လုပ်ပေးလိုက်တဲ့ Apple

date_range 26 April 2017

iOS နဲ့ macOS အတွက် iWork Apps တွေကို Update လုပ်ပေးလိုက်တဲ့ Apple

visibility 200 Views

                Apple အနေနဲ့ အရင်တစ်ပါတ်ကပဲ iWork နဲ့ iLife Apps တွေကို iOS နဲ့ macOS အသုံးပြုသူတွေအားလုံးအတွက် Free ပေးပြီး (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ) တဲ့ နောက်မှာတော့ ဒီနေ့မှာပဲ iWork Apps တွေဖြစ်တဲ့ Pages, Keynote နဲ့ Numbers တို့ကို Update လုပ်ပေးလိုက်ပါတယ်။

                အခု Update တွေမှာတော့ App တွေရဲ့ Stability နဲ့ Performance ပိုင်းကို အဓိကထားပြီး ပြုပြင်ပေးထားတယ်လို့ Apple က ဆိုထားပါတယ်။ Numbers အတွက်ကိုတော့ Major Update လုပ်ပေးထားပါတယ်။ 

                အရင် iOS အတွက် Numbers က in-app Keyboard မပါပါဘူး။ အခုကတော့ ဂဏန်းတွေရိုက်ထည့်ရတာ အဆင်ပြေစေဖို့အတွက် in-app Keyboard မှာ Numeric Keypad Feature လေးတစ်ခု ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

                iWork Apps တွေကို iOS မှာ Update လုပ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး iOS 10 လိုအပ်မှာဖြစ်ပြီး macOS မှာ Update လုပ်ချင်တယ်ဆိုရင်တော့ macOS 10.12 နှင့် အထက် လိုအပ်မှာဖြစ်ပါတယ်။

                File Size တွေအနေနဲ့ iOS အတွက်ဆိုရင် Pages က 482MB, Keynote က 695MB, Numbers က 361MB ရှိမှာဖြစ်ပြီး macOS အတွက်ဆိုရင် Pages က 230MB, Keynote က 471MB, Numbers က 173MB ရှိမှာ ဖြစ်ပါတယ်။ 

                iOS နဲ့ macOS အတွက် iWork Apps တွေကို Download လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ Direct Download Links လေးတွေ ပေးထားပါတယ်။

iOS

macOS

References
9to5Mac AppleInsider
About Author
Assinged Tags
iWork Pages Keynote Numbers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed