iWork နဲ့ iLife Apps တွေကို Apple Product အသုံးပြုသူအားလုံးအတွက် Free ပေးလိုက်တဲ့ Apple

date_range 20 April 2017

iWork နဲ့ iLife Apps တွေကို Apple Product အသုံးပြုသူအားလုံးအတွက် Free ပေးလိုက်တဲ့ Apple

visibility 890 Views

                iPhone, iPad နဲ့ Mac တို့အတွက် Apple ကိုယ်တိုင် Develop လုပ်ထားတဲ့ iWork နဲ့ iLife Apps တွေကို ထွက်ရှိလာတဲ့ Update နဲ့အတူ Apple Product အသုံးပြုသူအားလုံး Free Download ရယူနိုင်ပြီလို့ သိရှိရပါတယ်။ 

                iWork နဲ့ iLife ဆိုတာ Apple ရဲ့ Productivity App Bundle တွေဖြစ်ပြီး iWork ထဲမှာဆိုရင် Microsoft ရဲ့ Office Apps တွေလိုမျိုးပဲ Pages, Keynote, Numbers စတဲ့ Apps တွေပါဝင်ကာ၊ iLife ထဲမှာတော့ iMovie, GarageBand စတဲ့ Apps တွေပါရှိပါတယ်။

                Pages နဲ့ Keynote ကတော့ Microsoft ရဲ့ Word တို့၊ PowerPoint တို့နဲ့မတူပါဘူး။ စစသုံးမယ်ဆိုရင်တော့ အနည်းငယ် အထစ်အငေါ့လေးတွေရှိနိုင်ပေမယ့် နောက်ပိုင်းကျရင်တော့ Word တို့၊ PowerPoint တို့နဲ့မခြားပဲ အသုံးပြုနိုင်မှာပါ။ 

                Numbers ကတော့ Microsoft ရဲ့ Excel လောက်မကောင်းပါဘူး။ iMovie ကတော့ Final Cut Pro အသေးစားပါပဲ။ Professional လည်းမဟုတ်ဘူး၊ မိမိအပျော်တမ်းရိုက်ထားတဲ့ ဗီဒီယိုလေးတွေကို Edit လုပ်ချင်တယ်ဆိုရင်တော့ iMovie ကိုသုံးသင့်ပါတယ်။ 

                GarageBand ကတော့ Music သမားတွေအတွက်ပါ။ အပျော်တမ်းပဲဖြစ်ဖြစ်၊ Professional ပဲဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ်ကိုဖန်တီး၊ တီးဖြတ်လို့ရမှာပါ။ 

                အရင်တုန်းကဆိုရင် ဒီ App တွေကို Apple က Free မပေးပါဘူး။ Apple Product တစ်ခုခု အသစ်ဝယ်ယူတဲ့ Customer တွေကိုသာ Free ပေးပါတယ်။ အခုကတော့ အဲ့လိုမဟုတ်တော့ပါဘူး။ Apple Product ပိုင်ဆိုင်တဲ့ User အကုန်လုံးကို Free ပေးလိုက်ပြီ ဖြစ်ပါတယ်။

                File Size တွေကတော့ နည်းနည်းကြီးတယ်ဆိုပေမယ့် Free ရတယ်ဆိုတော့လည်း Download လုပ်ချင်တဲ့သူတွေ Download လုပ်လို့ရအောင် အောက်မှာ Direct Download Links တွေပေးထားပါတယ်။

iOS

macOS

References
CultOfMac MacRumors
About Author
Assinged Tags
Applications iPhone iOS macOS iPad MacBook iWork iLife Pages Keynote Numbers iMovie GarageBand
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed