အိန္ဒိယနိုင်ငံမှာ iPhone တွေထုတ်လုပ်သွားဖို့အတွက် Apple ကို ကြိုဆိုပါတယ်လို့ ပြောလိုက်တဲ့ အိန္ဒိယနိုင်ငံ Union IT ဝန်ကြီး

date_range 24 April 2017

အိန္ဒိယနိုင်ငံမှာ iPhone တွေထုတ်လုပ်သွားဖို့အတွက် Apple ကို ကြိုဆိုပါတယ်လို့ ပြောလိုက်တဲ့ အိန္ဒိယနိုင်ငံ Union IT ဝန်ကြီး

visibility 500 Views

                အိန္ဒိယနိုင်ငံမှာ နာမည်ကြီးနည်းပညာကုမ္ပဏီတွေအများအပြား Smartphone ထုတ်လုပ်မှုတွေ လုပ်နေကြပြီဆိုတော့လည်း အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံတွင်းမှာ နာမည်ကြီး iPhone တွေထုတ်လုပ်သွားဖို့အတွက် Apple ကို ကြိုဆိုပါတယ်လို့ အိန္ဒိယနိုင်ငံ Union IT ဝန်ကြီး Ravi Shankar Prasad က စနေနေ့က ပြောကြားသွားတယ်လို့ သတင်းရရှိပါတယ်။

ဝန်ကြီးက

“ဒီမှာလည်း နည်းပညာကုမ္ပဏီတွေ တော်တော်များများ Smartphone တွေထုတ်နေကြပြီလေ။ Apple ဘက်က အိန္ဒိယနိုင်ငံတွင်းမှာ iPhone တွေ ထုတ်လုပ်သွားချင်တယ် ဆိုရင်လည်း အိန္ဒိယနိုင်ငံက ကြိုဆိုလျှက်ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ Smartphone ဈေးကွက်ကလည်း ခေတဲ့ထဲတော့မပါပါဘူး။

နောက်ထပ်ရက်အနည်းငယ်ကျရင် Apple ဘက်က အကြီးအကဲတွေနဲ့ ကျနော်နဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတစ်ခု လုပ်သွားမှာပါ။ ဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးသွားမယ်ဆိုတာကိုတော့ ကျနော်မပြောပြနိုင်ပါဘူး။

အိန္ဒိယနိုင်ငံအနေနဲ့ စက်မှုတော်လှန်ရေးကိုရော၊ စွန့်ဦးတီထွင်မှု တော်လှန်ရေးကိုရော လက်လွှတ်ခဲ့ရတယ်ဆိုပေမယ့် Digital တော်လှန်ရေးကိုတော့ လက်လွတ်ခံမှာမဟုတ်ပါဘူး။ လက်လွတ်မခံမယ့်အပြင် ခေါင်းဆောင်နေရာရောက်အောင်လည်း ကြိုးစားသွားမှာပါ။

အခုလောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံအနေနဲ့ Digital တော်လှန်ရေးမှာ ခေါင်းမော့လာပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Digital စီးပွားရေးဈေးကွက်ဟာ အခုလက်ရှိမှာ လာရောက်ရင်းနှီးမြုပ်နှံမယ့် နည်းပညာကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ Trillion အထိ တန်ဖိုးရှိတဲ့ Digital ဈေးကွက်ကြီးတစ်ခု ဖြစ်နေပါပြီ”

လို့ အိန္ဒိယနိုင်ငံ Bengaluru မြို့မှာ ကျင်းပတဲ့ နည်းပညာပွဲတစ်ပွဲမှာ သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။

                အခုလက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံတွင်းမှာ ပစ္စည်းထုတ်လုပ်မှုတွေလုပ်နေကြတဲ့ နည်းပညာကုမ္ပဏီပေါင်း ၇၂ ကုမ္ပဏီအထိရှိနေပြီး ၄၂ ကုမ္ပဏီက Mobile Handset တွေ ထုတ်လုပ်နေကြပြီး ကျန်တဲ့ကုမ္ပဏီတွေကတော့ တခြားအစိတ်အပိုင်းတွေ ထုတ်လုပ်နေကြပါတယ်။

References
Gadgets 360
About Author
Assinged Tags
India iPhone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed