ကျောကင်မရာနှစ်လုံး၊ 6GB RAM ၊ 4000mAh ဘက်ထရီတို့နဲ့ ထွက်ရှိလာတဲ့ Honor 8 Pro

date_range 06 April 2017

ကျောကင်မရာနှစ်လုံး၊ 6GB RAM ၊ 4000mAh ဘက်ထရီတို့နဲ့ ထွက်ရှိလာတဲ့ Honor 8 Pro

visibility 17300 Views

                Huawei Mobile ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ကနေ နောက်ထပ် အမိုက်စား Android စမတ်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

                ဒါပေမယ့် တကယ်တမ်းတော့ Honor 8 စမတ်ဖုန်းဟာ လွန်ခဲ့တဲ့ နှစ်လလောက်က တရုတ်နိုင်ငံမှာ အရင်မိတ်ဆက်ခဲ့တဲ့ Honor V9 စမတ်ဖုန်းကို အင်တာနေရှင်နယ်စျေးကွက်အတွင်း ဖြန့်ဖို့အတွက် နာမည်ပြောင်းလဲထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး၊ UK မှာ ၄၈၀ ပေါင် နဲ့ ဥရောပမှာ ၅၄၉ ယူရို စျေးနှုန်းရှိပါမယ်။

                Honor 8 Pro မှာ ထူးခြားတဲ့ Features တွေအနေနဲ့၊ ကျောကင်မရာနှစ်လုံး ( Leica တံဆိပ်တော့မဟုတ်) ၊ Huawei ကိုယ်တိုင်ထုတ် စွမ်းဆောင်ရည်မြင့် Kirin 960 Processor ၊ 6GB RAM နဲ့ Android Nougat တို့ ပါရှိမှာဖြစ်ပါတယ်။ 4,000mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး၊ Huawei ရဲ့ ပြောကြားချက်အရ တစ်ရက်ကျော်၊ နှစ်ရက်နီးပါး အထိ အသုံးခံတယ်လို့ သိရပါတယ်။

                နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Honor 8 Pro ဖုန်းဝယ်ရင် ပါလာတဲ့ ဘူးကို Google Cardboard Viewer အနေနဲ့ တန်းပြောင်းပြီး၊ အသုံးပြုနိုင်မှာဖြစ်ပြီး၊ VR ဆော့ဖို့၊ ကြည့်ဖို့အတွက် Galaxy on Fire 3 ဂိမ်းနဲ့ Jaunt VR App တို့ တခါတည်း ပါလာမှာဖြစ်တယ်လို့ သိရပါတယ်။

                မျက်နှာပြင်အကျယ်က ၅.၇ လက်မရှိပြီး QHD (1440x2560 pixel) LTPS LCD Display နဲ့ ဖြစ်ပါတယ်။ 2.4GHz octa-core Kirion 960 Processor မှာ 6GB RAM ကို အသုံးပြုထားပြီး၊ Mali-G71 MP8 GPU နဲ့ပါ။ 

Huawei Honor 8 Pro ရဲ့ Specifications အပြည့်အစုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

TitleSpecifications
Display Size5.7-inch
ResolutionQHD (2960x1440 pixels), 515ppi
Weight184 grams
OSAndroid 7.0 Nougat based EMUI 5.1
Rear Camera2x12 MP sensors, f/2.2, dual-LED, Laser Autofocus, 4K Video Recording
Front Camera8 MP sensor, f/2.0, 1080p
CPU2.4GHz octa-core Kirion 960 Processor
GPUMali-G71 MP8 GPU
RAMGB
Storage64GB ( up to 256GB) 
SIMHybrid dual-SIM tray
Fingerprint SensorBack
Other Sensorsaccelerometer, gyro, proximity, compass,gps
Connectivity4G LTE, NFC, USB Type-C, WiFi, Bluetooth, USB OTG
Battery4,000mAh
ColorsPearl White, Midnight Black, Navy Blue


References
Gadgets NDTV
About Author
Assinged Tags
Huawei Android Nougat Honor Smarphones Honor 8 Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed