Comment မှာ GIF ပေးနိုင်မယ့် Feature သစ်တစ်ရပ်ကို Facebook စမ်းသပ်နေ

date_range 25 March 2017

Comment မှာ GIF ပေးနိုင်မယ့် Feature သစ်တစ်ရပ်ကို Facebook စမ်းသပ်နေ

visibility 300 Views

                Facebook Newsfeed မှာ တစ်နေ့ကို အကြိမ်ပေါင်း ရာချီတွေ့မြင်နေရတဲ့ GIF တွေကို ယခုအခါ Comments တွေမှာ တွေ့မြင်ရဖို့ရှိနေပါတယ်။

                Comments မှာ အခုလည်း GIF တွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် Giphy တို့လို ပြင်ပဝဘ်ဆိုဒ်တစ်ခုခုက GIF ကို Link Copy ကူး၊ Paste လုပ်ပြီး ပေးရတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီလို External Links တွေ တကူးတက Paste လုပ်နေစရာမလိုတော့ဘဲ ကိုယ့်ဖုန်းထဲက GIF ကို Comment မှာ တန်း Upload လုပ်နိုင်မှာပါ။

                TechCrunch သတင်းဌာနကို ပေးပို့ခဲတဲ့ အီးမေးလ်မှာ ယခုသတင်းကို Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို အတည်ပြုပြောကြားထားပါတယ်။

“ GIF လေးတွေကို လူတိုင်းကြိုက်ကြတာကြောင့်၊ Comment တွေမှာလည်း GIF ပေးချင်ကြမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါကြောင့် Comments တွေမှာ GIF ပေးနိုင်မယ့် စွမ်းဆောင်ရည်ကို ကျနော်တို့ စတင်စမ်းသပ်တော့မှာပါ။ သုံးလို့ရပြီဆိုရင် ထပ်မံအသိပေးသွားပါမယ်။ လောလောဆည်တော့ ဒါက စမ်းသပ်မှုလေးတစ်ခုပါလို့ပဲ ပြောပါရစေ”

                လူသုံးများတဲ့ Messaging App တော်တော်များများမှာ GIF တွေကို Comments ပေးလို့ရနေတာ နည်းနည်းကြာနေပြီဖြစ်ပြီး၊ Facebook က အခုမှ လုပ်နေတာဖြစ်ပါတယ်။

References
Android Central
About Author
Assinged Tags
Facebook GIF
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed