MLS နဲ့ စာချုပ်ချုပ်ဆိုကာ မေဂျာလိဂ်ဘောလုံးပွဲတွေကို တိုက်ရိုက်ပြသတော့မယ့် Facebook

date_range 12 March 2017

MLS နဲ့ စာချုပ်ချုပ်ဆိုကာ မေဂျာလိဂ်ဘောလုံးပွဲတွေကို တိုက်ရိုက်ပြသတော့မယ့် Facebook

visibility 50 Views

                ဘောလုံးပရိတ်သတ်တွေအနေနဲ့ မကြာခင်မှာတင် အမေရိကန်မေဂျာလိဂ်ဘောလုံးပွဲတွေကို Facebook မှာတင် တရားဝင် တိုက်ရိုက်ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။

                Facebook ဟာ Major League Soccer တိုက်ရိုက်ပြသခွင့်ရရှိထားတဲ့ Univision ရုပ်သံလိုင်းနဲ့ ပူးပေါင်းကာ ယခုရာသီရဲ့ မေဂျာလိဂ်ဘောလုံးပွဲပေါင်း အနည်းဆုံး ၂၂ ပွဲကို တိုက်ရိုက်ပြသသွားမှာပါ။ အဆိုပါဘောလုံးပွဲတွေကို Univision Deportes ရဲ့ Facebook Page ကနေ အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

                ပထမဦးဆုံးပွဲစဥ်အနေနဲ့ Chicago Fire အသင်းနဲ့ အသင်းသစ် Atlanta United အသင်းတို့ရဲ့ မတ်လ ၁၈ ရက်နေ့ ပွဲစဥ်ကို ပြသသွားမှာဖြစ်ပါတယ်။ တိုက်ရိုက်ပြသမယ့်အစီအစဥ်အပြင် “Matchday Live” အစီအစဥ်ကနေ ဘောလုံးပွဲကြိုသုံးသပ်ချက်တွေကိုလည်း Facebook Page မှာ ထုတ်လွှင့်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

                အခုလို MLS ၊ Univision တို့နဲ့ ပူးပေါင်းကာ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်ဖို့ အစီအစဥ်ဟာ Facebook သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးအားကစားပွဲထုတ်လွှင့်မှု သဘာတူညီချက်လည်း ဖြစ်ပါတယ်။

                Facebook ဟာ ယခုလက်ရှိမှာလည်း Univision နဲ့ ပူးပေါင်းကာ မက္ကဆီကန်ဘောလုံးလိဂ် Liga MX ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ဖို့ သဘောတူညီချက်ယူထားပြီးဖြစ်ပါတယ်။

“ ကွင်းထဲကနေ မကြည့်နိုင်ဘူးဆိုရင်တောင်၊ ပရိတ်သတ်တွေအနေနဲ့ ဘောလုံးပွဲတွေကို Facebook App ထဲမှာတင်  မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ရှုနိုင်မှာပါ။ တစ်ချိန်တည်းမှာလည်း တခြားဘောလုံးပရိတ်သတ်တွေနဲ့အတူ ဘောလုံးပွဲအကြောင်း ဆွေးနွေးနိုင်မှာဖြစ်ပါတယ်”

                လို့ Facebook ရဲ့ Global Sports Partnerships ဌာနအကြီးအကဲဖြစ်တဲ့ Dan Reed က ပြောကြားခဲ့ပါတယ်။

                Facebook ဟာ “MLS” ဘောလုံးပွဲတွေအပြင် Major League Baseball တွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

References
Cnet
About Author
Assinged Tags
Facebook Applications Major League Soccer Livestream
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed