Harvard ကနေ ဘွဲ့ရရှိတော့မယ့် Mark Zuckerberg ရဲ့ ဗီဒီယိုအောက်မှာ အရွှန်းဖောက် Comment ပေးထားတဲ့ Bill Gates

date_range 10 March 2017

Harvard ကနေ ဘွဲ့ရရှိတော့မယ့် Mark Zuckerberg ရဲ့ ဗီဒီယိုအောက်မှာ အရွှန်းဖောက် Comment ပေးထားတဲ့ Bill Gates

visibility 8000 Views

                Facebook အခုလို အောင်မြင်မှုတွေရရှိလာတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ Founder ဖြစ်သူ Mark Zuckerberg တစ်ယောက် Harvard ကို ပြီးဆုံးသည်အထိ မတက်ဘဲ ကျောင်းထွက်လိုက်တာကလည်း အဓိကအချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

                Mark သာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျောင်းပြီးတဲ့အထိ ဆက်တက်ဦးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ရင် အခုလို ဒေါ်လာ ဘီလီယံ ၄၀၀ လောက်တန်တဲ့ ကုမ္ပဏီရဲ့ CEO ဖြစ်လာနိုင်မှာမဟုတ်လောက်ပါဘူး။ 

               ဒါပေမယ့် နောက်ဆုံးမှာတော့ Mark ဟာ Harvard ကို ပြန်လာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျောင်းသားအနေနဲ့ ပြန်လာတာမဟုတ်ဘဲ၊ ၂၀၁၇ ပညာသင်နှစ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောကြားမယ့်သူအဖြစ် ပြန်လာမှာဖြစ်သလို၊ ဂုဏ်ထူးဆောင်ဒီဂရီဘွဲ့လည်း ရရှိတော့မှာပါ။

                ယခုသတင်းကို မတ်လ ၇ ရက်နေ့က Harvard တက္ကသိုလ်ဝဘ်ဆိုဒ်ကနေ ကြေငြာခဲ့တာဖြစ်ပါတယ်။

                "Mark Zuckerberg ရဲ့ ဦးဆောင်မှုအောက်မှာ တစ်ကမ္ဘာလုံးက လူမှုဆက်သွယ်ရေးပုံစံတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုမျိုး ကမ္ဘာ့နေရာအနှံ့က လူတွေရဲ့ ဆက်သွယ်မှုပုံစံကို ထိထိရောက်ရောက်ပြောင်းလဲပစ်နိုင်တဲ့ နေရာမှာ Facebook ကို ယှဥ်နိုင်တဲ့ တီထွင်မှုမျိုး ဒီဘက်ခေတ်မှာ တော်တော်ရှားပါတယ်။” 

                လို့ Harvard ကျောင်းအုပ်ဖြစ်သူ Drew Faust က ရေးသားထားပါတယ်။

                ဒီလိုမျိုး ကျောင်းပြီးအောင် မတက်လိုက်ရဘဲနဲ့ Silicon Valley မှာ ထိပ်ဆုံးနေရာတစ်ခုရယူထားနိုင်သူတွေထဲမှာ Mark အပြင် အများအပြားရှိပါသေးတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ Apple တည်ထောင်သူ Steve Jobs ဆိုရင်လည်း Oregon က Reed College ကို ပြီးအောင် တက်ခဲ့သူမဟုတ်ပါဘူး။ Steve Jobs ရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ Bill Gates လည်း Mark နည်းတူ Harvard ကို ပညာတစ်ပိုင်းတစ်စနဲ့ စွန့်ခွာလာသူဖြစ်ပါတယ်။

                Bill Gates နဲ့ Harvard နောက်ခံသမိုင်းချင်း တူညီမှုကြောင့် Mark Zuckerberg ကိုယ်တိုင်က Bill Gates နဲ့အတူ သူ Harvard က ဘွဲ့ရတော့မယ်အကြောင်းကို ဗီဒီယိုအတိုလေးတစ်ခု ရိုက်ကူးပြီး သူ့ Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ ဒီမှာ ရယ်ရတာတစ်ခုက အဆိုပါဗီဒီယို ရဲ့ အောက်မှာ Bill Gates ကိုယ်တိုင်က အခုလို အရွှမ်းဖောက်ပြီး Comment ပေးထားပါတယ်။

                “ အမြဲတမ်း ကူညီဖို့အသင့်ပါပဲ Mark ။ မိန့်ခွန်းပြောတာ အဆင်ပြေပါစေကွာ။ ဒါနဲ့ မင်းအခုရမယ့် ဂုဏ်ထူးဆောင်ဘွဲ့နဲ့ လိုချင်တဲ့ အလုပ်ရပါစေကွာ”

လို့ အကြောပြောင်ပြီး Comment ပေးထားပါတယ်။


                Mark တစ်ယောက် သူအရမ်းလိုချင်တဲ့ Dream Job မျိုးလေး ရပါစေလို့လဲ ကျနော်တို့ TechX အဖွဲ့သားတွေက ဆုတောင်းပေးလိုက်ပါတယ်။

References
The Verge Mark Zuckerberg Facebook
About Author
Assinged Tags
Facebook Bill Gates Mark Zuckerberg
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed