iMessage မှာပါတဲ့ Reaction ပေးနိုင်တယ့် Feature မျိုးကို Messenger မှာထည့်ဖို့ စတင်စမ်းသပ်နေတဲ့ Facebook

date_range 06 March 2017

iMessage မှာပါတဲ့ Reaction ပေးနိုင်တယ့် Feature မျိုးကို Messenger မှာထည့်ဖို့ စတင်စမ်းသပ်နေတဲ့ Facebook

visibility 200 Views

                iOS 10 စတင်မိတ်ဆက်တုန်းက Apple က သူတို့ရဲ့ iMessage ကိုပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ အဲ့ဒီ့ပြောင်းလဲမှုတွေထဲမှာ Reaction ပေးနိုင်တဲ့ Feature လဲပါဝင်ပါတယ်။ ဒီ Feature လေးဟာ User ဆီရောက်ရှိလာတဲ့ iMessage ကို စက္ကန့်အနည်းငယ် ဖိထားလိုက်တာနဲ့ အဲ့ဒီ့ iMessage ကို Thumbs-up တို့၊ Thumbs-down တို့ပေးနိုင်တဲ့ Feature လေးတစ်ခုပါ။

                အခုမှာတော့ Facebook က iMessage မှာပါဝင်တဲ့ ဒီ Feature လေးကို သူတို့ရဲ့ Messenger App မှာထည့်ဖို့ စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အစကတော့ Facebook ကတိတ်တဆိတ် စမ်းသပ်နေတာဖြစ်ပြီး၊ TechCrunch ဆိုတဲ့ဝက်ဆိုဒ်က တွေ့ရှိသွားတဲ့အခါမှာတော့ အတည်ပြုပေးခဲ့ပါတယ်။ 

လူတိုင်းကတော့

“Newsfeed မှာတက်လာတဲ့ Post တွေမှာလည်း Reaction တွေပေးနိုင်တာပဲ၊ Messenger App မှာထည့်တော့ရော ဘာထူးမှာလဲ”

လို့တွေးကြမှာပါ။

                ဒါပေမယ့် ယခု Feature မှာကတော့ လူတိုင်းတောင့်တနေတဲ့ Thumbs-down Reaction ပါလာမှာ ဖြစ်တဲ့အတွက် ထူးခြားတဲ့ Feature အသစ်တစ်ခု ဖြစ်လာမှာပါ။

                ဒီလို Thumbs-down Reaction ကို Messenger App မှာထည့်ပေးရတဲ့ ရည်ရွယ်ချက်ကို TechCrunch ကနေ Facebook က တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါမှာတော့ 

“ဒီ Reaction ရဲ့ ရည်ရွယ်ချက်က “Dislike” လို့ပြောနိုင်မယ့် ရည်ရွယ်ချက်မျိုးနဲ့ ထည့်ပေးထားတာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်ကတော့ ရောက်လာမယ့် Message ကို “No” လို့ပြောနိုင်မယ့် ရည်ရွယ်ချက်နဲ့ ထည့်ပေးထားတာပါ။ ကျနော်တို့ Facebook ရဲ့ Messenger အဖွဲ့သားတွေဟာ Messenger အသုံးပြုသူတွေ အပြန်အလှန် Message ပို့ကြတဲ့အခါမှာ သူတို့ရဲ့စိတ်ခံစားချက်လေးတွေပါ Message ထဲမှာပါသွားအောင် ဒီလို Feature လေးတစ်ခုကို ထည့်သွင်းပေးဖို့ အကြံရတာဖြစ်ပါတယ်”

လို့ ဖြေကြားခဲ့ပါတယ်။

                ဒီလိုမျိုး Reaction လေးတွေနဲ့ Reply ပြန်ချင်တယ်ဆိုရင်တော့ ရောက်လာတဲ့ Message ကိုထောက်လိုက်ယုံပါပဲ။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Reaction လေးတွေပေါ်လာမှာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ Reaction တစ်ခုကိုရွေးချယ်ပြီး Reply ပြန်နိုင်မှာပါ။


References
9to5Mac
About Author
Assinged Tags
Facebook iMessage Messenger Reactions
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed