၂၀၁၈ ခုနှစ်အတွက် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” အဖြစ် သတ်မှတ်ခြင်းခံရတဲ့ Apple

date_range 21 February 2018

၂၀၁၈ ခုနှစ်အတွက် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” အဖြစ် သတ်မှတ်ခြင်းခံရတဲ့ Apple

visibility 940 Views

                Fast Company ကနေ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” များ စာရင်းမှာ Apple က နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့ပါတယ်။ မနှစ်ကတော့ နံပါတ် (၄) နေရာမှာပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ iPhone X, ARKit, Apple Watch နဲ့ AirPods တို့ကြောင့် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

                iPhone X, ARKit, Apple Watch နဲ့ AirPods တို့ဟာ သက်ဆိုင်ရာ ဈေးကွက်ထဲမှာ နာမည်ရပြီး လူကြိုက်များ ရေပန်းစားခဲ့တာကြောင့် Apple ကို “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” အဖြစ် သတ်မှတ်ခဲ့တာလို့ Fast Company က ပြောထားပါတယ်။

                “iPad ကို စတင် မိတ်ဆက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲကစပြီး Apple ဟာ လူကြိုက်များပြီး Innovative လည်းဖြစ်တဲ့ Product တွေကို မထုတ်လုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ၂၀၁၇ မှာတော့ Apple တို့ရဲ့ Wireless AirPods တွေက အမေရိကန်နိုင်ငံမှာ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ Applw Watch Series 3 ကလည်း အရောင်းအသွက်ဆုံး Product တစ်ခု ဖြစ်ခဲ့သလို ARKit နဲ့ AR Framework ကိုလည်း Developer တွေ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း iPhone X က ဝေဖန်ရေးသမားတွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်”

လို့ Fast Company က ရေးသားထားပါတယ်။

                ဒါ့အပြင် Apple ရဲ့ သူများနဲ့မတူတဲ့ Software/Hardware ပေါင်းစပ်မှုတွေ၊ Software/Hardware Project တွေ၊ Chip ကို ကိုယ်တိုင်ဒီဇိုင်းဆွဲတာတွေ၊ စတာတွေကိုလည်း Fast Company က ချီးကျူးထားပါတယ်။ နောက်ပြီး Apple ရဲ့ Artificial Intelligence Project တွေကလည်း Google, Amazon တို့လို ပြိုင်ဖက်တွေ ရှိနေပေမယ့်လည်း တော်တော်လေး ခရီးရောက်နေပြီ ဆိုတာကို

                “Apple ရဲ့ AI နည်းပညာနဲ့ နည်းစနစ်က ပြိုင်ဖက်တွေလိုမျိုး Server အကြီးကြီးတွေ အသုံးပြုထားတာ မဟုတ်ပဲ Privacy ကို ဦးစားပေးထားပြီး Cloud ထဲမှာ ခွဲခြမ်းစိတ်ဖြာမယ့် အသုံးပြုသူရဲ့ Information ကိုလည်း ကန့်သတ်ထားသလို AI နဲ့ ပက်သက်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း တတ်နိုင်သလောက် Device ထဲမှာပဲ လုပ်ဆောင်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အားသာချက် ရှိနေတာ”

လို့ Fast Company က ရေးသားထားပါတယ်။

                Fast Company ကနေ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” များ စာရင်းထဲမှာတော့ Apple ရဲ့နောက်က Netflix က ကပ်လိုက်နေပြီး မနှစ်တုန်းက ၂၀၁၇ ခုနှစ်အတွက် “ကမ္ဘာ့ Innovative အဖြစ်ဆုံး ကုမ္ပဏီ” အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ Amazon ကတော့ နံပါတ် (၅) နေရာကို ထိုးကျသွားပါတယ်။

References
9to5Mac Fast Company
About Author
Assinged Tags
Artificial Intelligence Augmented Reality iPhone iPad Siri AirPods Apple Watch Apple iPhone X Apple Watch Series 3 Innovative Ideas ARKit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed