တရားမဝင် Cryptocurrency Mining လုပ်နေတာကြောင့် ရုရှားအဏုမြူစွမ်းအင် လေ့လာစမ်းသပ်ရေးစင်တာမှ သိပ္ပံပညာရှင်များ ဖမ်းဆီးအရေးယူခံရ

date_range 13 February 2018

တရားမဝင် Cryptocurrency Mining လုပ်နေတာကြောင့် ရုရှားအဏုမြူစွမ်းအင် လေ့လာစမ်းသပ်ရေးစင်တာမှ သိပ္ပံပညာရှင်များ ဖမ်းဆီးအရေးယူခံရ

visibility 2040 Views

                ရုရှားနိုင်ငံရဲ့ လျို့ဝှက် အဏုမြူစွမ်းအင် လေ့လာစမ်းသပ်ရေး စင်တာတစ်ခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သိပ္ပံပညာရှင်အချို့ဟာ စင်တာအတွင်းမှာရှိတဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပြူတာတွေကို Cryptocurrency Mining ပြုလုပ်ဖို့အတွက် အသုံးချခဲ့တဲ့တာကြောင့် ပြည်နယ်ရဲတွေက ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။ BBC News နဲ့ The Guardian တို့မှ ဖော်ပြချက်များအရအခု အဖြစ်အပျက်ဟာ Sarov မြို့က ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင် လေ့လာစမ်းသပ်ရေး စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

                Sarov မြို့ ဆိုတာကတော့ ရုရှားအစိုးရအနေနဲ့ အဏုမြူစွမ်းအင် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ဖို့အတွက် သီးသန့် တည်ဆောက်ထားတဲ့ လျှို့ဝှက်မြို့ငယ်လေးတွေထဲက တစ်ခုပါပဲ။ နောက်ပြီး ဒီလို လျှို့ဝှက်မြို့ငယ်လေးတွေကို ခရီးသွား ပြည်သူတွေ အနေနဲ့ သွားရောက်လေ့လာခွင့် မရှိသလို ရုရှားနိုင်ငံမြေပုံမှာလည်း ဖေါ်ပြထားခြင်း မရှိဘူးလို့ သိရပါတယ်။ စင်တာရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ Tatiana Zalesskaya အနေနဲ့ အခုအဖြစ်အပျက်နဲ့ ပက်သတ်ပြီး Interfax News Agency ကို

                “စင်တာထဲမှာရှိတဲ့ သိပ္ပံပညာရှင် တချို့အနေနဲ့ အလုပ်မှာ အသုံးပြုတဲ့ Computer တွေကို အသုံးပြုပြီး တစ်ကိုယ်ရေ အကျိုးအမြတ် ရရှိဖို့အတွက် Cryptocurrency Mining လုပ်ဖို့ ကြိုးစားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့တွေကို အချိန်မှီ တားဆီးနိုင်ခဲ့ပါတယ်။ အခုလို ပေါက်ပေါက်ရှာရှာ နည်းလမ်းနဲ့ Cryptocurrency Mining လုပ်ဖို့ ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုလည်း အလုပ် ထုတ်ပစ်လိုက်ပါပြီ။ ကျွန်မ သိရသလောက်ကတော့ သူတို့တွေကို ဥပဒေအရ အရေးယူဖို့ အမှုဖွင့်ထားပါတယ်”

လို့  ပြောကြားသွားခဲ့ပါတယ်။

                အချို့သတင်းဌာနတွေရဲ့ ဖေါ်ပြချက်များအရ ပြစ်မှုကျူးလွန်ခဲ့တဲ့ သိပ္ပံပညာရှင်တွေဟာ Cryptocurrency Mining လုပ်ဖို့အတွက်အတွက် သာမန်ကွန်ပြူတာတွေကို အသုံးပြုခဲ့တာ မဟုတ်ပဲ အဏုမြူစွမ်းအင် လေ့လာစမ်းသပ်ရေးအတွက် သီးသန့်အသုံးပြုတဲ့ Super Computer တွေကိုမှ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ရုရှားအစိုးရက အတည်မပြုခဲ့ပါဘူး။

                လက်ရှိအချိန်မှာတော့ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ ကွန်ပြူတာအားလုံးကို မသမာသူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Offline လုပ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ သိပ္ပံပညာရှင်တွေဟာ Cryptocurrency Mining လုပ်ဖို့အတွက် အင်တာနက်နဲ့ ချိတ်ဆက်လိုက်တဲ့ အချိန်မှာ စင်တာအတွင်းမှာရှိတဲ့ လုံခြုံရေးအဖွဲ့က သိရှိသွားပြီး ချက်ချင်းပဲ အစိုးရကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

                Tatiana Zalesskaya ပဲ ဆက်လက်ပြီး

                "နောက်တစ်ခါ ဒီလိုမျိုးလုပ်ရပ်တွေ စင်တာထဲမှာ ထပ်ပြီးလုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်လည်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။ နောက်ပြီး ဒီလိုပြစ်မှုမျိုးဟာ ရာဇဝတ်မှုလည်း မြောက်တယ်"

လို့ ထပ်မံ ပြောကြားသွားပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Lawsuit Cryptocurrency Cryptocurrency Mining
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed