ပေါက်ကြားခဲ့တဲ့ iBoot Source Code တွေကို GitHub မှ ဖျက်ချခဲ့ပြီး iPhone တွေ လုံခြုံရေးအတွက် မပူရပါဘူးလို့ ပြောကြားလိုက်တဲ့ Apple

date_range 09 February 2018

ပေါက်ကြားခဲ့တဲ့ iBoot Source Code တွေကို GitHub မှ ဖျက်ချခဲ့ပြီး iPhone တွေ လုံခြုံရေးအတွက် မပူရပါဘူးလို့ ပြောကြားလိုက်တဲ့ Apple

visibility 500 Views

                မနေ့ကမှ GitHub ကနေတစ်ဆင့် ပေါက်ကြားခဲ့တဲ့ iOS 9 အတွက် iBoot စနစ်ရဲ့ Source Code တွေကို ပေါက်ကြားခဲ့တုန်းကတော့ Source Code အစစ်လား၊ အတုလား မသိပေမယ့် Apple က GitHub ကို ဖျက်ချပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတော့ Source Code တွေက အစစ်ပဲလို့ မှတ်ယူလို့ ရပါပြီ။ 

                GitHub ကို ဖျက်ချပေးဖို့အတွက် တောင်းဆိုထားတဲ့ စာထဲမှာတော့ Apple က

                “အခု GitHub မှာ တင်ထားတဲ့ iBoot Source Code တွေက Apple ရဲ့ ကိုယ်ပိုင် iBoot Source Code တွေဖြစ်ပြီး iOS အတွက် Trusted Boot Operation အတွက် အရေးကြီးတဲ့ Code တွေဖြစ်ပါတယ်။ နောက်ပြီး ဒီ Source Code ထဲမှာ Apple ရဲ့ Copyright Notice လည်း ပါဝင်သလို ဒီ Source Code တွေဟာ Open-Source လည်း မဟုတ်ပါဘူး”

လို့ ရေးသားထားတယ်လို့ သိရပါတယ်။

                ကျွမ်းကျင်သူတွေကတော့ အခု ပေါက်ကြားမှုကို “နည်းပညာ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ပေါက်ကြားမှုပဲ” လို့ မှတ်ယူထားကြပေမယ့် Apple ကတော့ iPhone တွေ လုံခြုံရေးအတွက် ပူစရာမလိုဘူးလို့ ပြောကြားသွားပါတယ်။ 

                “လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက Source Code အဟောင်းတွေ ပေါက်ကြားခဲ့တယ် ဆိုပေမယ့် Apple Product တွေရဲ့ လုံခြုံရေးဟာ Code တွေတင် ဆိုင်တာမဟုတ်ပါဘူး။ Apple Product တိုင်းမှာ လုံခြုံရေးပိုင်းအတွက် Hardware ပိုင်းမှာရော၊ Software ပိုင်းမှာပါ အဆင့်ဆင့်၊ အထပ်ထပ် ကာကွယ်ထားတာ ဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းအတွက် ပူစရာမလိုပါဘူး။ ဒါကြောင့်လည်း Apple က အသုံးပြုသူတွေကို Software Update အမြဲပြုလုပ်ကြဖို့ တိုက်တွန်းရတာလည်း ဖြစ်ပါတယ်”

လို့ Apple က ပြောသွားပါတယ်။

                Source Code တွေကို GitHub ကနေ ဖျက်ချလိုက်ပြီ ဆိုပေမယ့် မဖျက်ချခင် နာရီပိုင်းလောက်အတွင်းမှာ Download ဆွဲ၊ BackUp တွေလုပ်ပြီး ဖြစ်တာကြောင့် အွန်လိုင်းမှာတော့ ပြန့်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် တစ်ချို့ File လေးတွေ မပါတဲ့အတွက် Compile လုပ်လို့မရတာကတော့ ကံကောင်းသွားပါတယ်။ သို့ပေမယ့်လည်း Jailbreaker တွေအတွက်ကတော့ မျောက်အုံးသီးရသွားဖြစ်ပြီး ဒီ Source Code တွေကြောင့် Jailbreak လုပ်ရတာ ပိုမိုလွယ်ကူသွားမယ်လို့တော့ ကျွမ်းကျင်သူများက ပြောထားကြပါတယ်။

References
9to5Mac The Verge
About Author
Assinged Tags
iPhone iOS GitHub Apple iBoot iBoot System Source Code Source Code Leak
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed