iPhone X မှာ ဖုန်းဝင်လာရင် ကိုင်လို့မရတဲ့ ပြဿနာ ရှိနေတာကြောင့် ပြဿနာအရင်းခံကို Apple စတင် စစ်ဆေး

date_range 05 February 2018

iPhone X မှာ ဖုန်းဝင်လာရင် ကိုင်လို့မရတဲ့ ပြဿနာ ရှိနေတာကြောင့် ပြဿနာအရင်းခံကို Apple စတင် စစ်ဆေး

visibility 1380 Views

                အခုလတ်တစ်လောမှာ iPhone X အသုံးပြုသူတွေ အနေနဲ့ ဖုန်းဝင်လာရင် ကိုင်လို့မရတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ The Financial Times ရဲ့ အဆိုအရ ဒီပြဿနာဟာ တစ်နေ့တစ်ခြား တိုးပွားလာနေပြီး အရေးတကြီး ဖုန်းဝင်လာတယ် ဆိုကာမှ ကိုင်လို့မရတာကြောင့် အသုံးပြုသူတွေလည်း စိတ်အနှောင့်အယှက် ဖြစ်နေကြရတယ်လို့ သိရပါတယ်။

                ပိုဆိုးတာက ဖုန်းဝင်လာပြီဆိုရင် Vibration နဲ့ Ringtone သံပဲ ကြားရပြီး Display မှာ ဘာမှ မပေါ်လာတဲ့အတွက် Accept လည်း လုပ်လို့မရသလို Decline လည်း လုပ်လို့မရတော့ပါဘူး။ ဒီ ပြဿနာဟာ မနှစ်က ဒီဇင်ဘာလကတည်းက ဖြစ်နေတာဖြစ်ပြီး အခုအချိန်မှာတော့ Apple Support Forums မှာလည်း Report တွေ ပွနေပြီ ဖြစ်ပါတယ်။

                အသုံးပြုသူတစ်ယောက်ကတော့

                “ကျနော့် iPhone X ကတော့ ဖုန်းဝင်လာပြီဆိုရင် Ringtone သံအရင်ကြားရတယ်ဗျ။ နောက်ထပ် ၆ စက္ကန့်ကနေ ၈ စက္ကန့်လောက် ကြာတော့မှ Display က ပွင့်လာတယ်”

လို့ ပြောထားပါတယ်။

                အခုအချိန်မှာတော့ ဒီပြဿနာအရင်းခံက Software လား Hardware လား ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အသုံးပြုသူတစ်ယောက်ကတော့ Restore လုပ်လိုက်တယ်ဆိုရင် ရက်အနည်းလောက် ပြဿနာရှင်းသွားပေမယ့် ပြီးတော့လည်း ပြန်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီတော့ Software က ဖြစ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

                နောက်ထပ် အသုံးပြုသူတစ်ယောက်က

                “ဒီပြဿနာရှိနေတယ်ဆိုပြီး Apple Service Support ကို သွားပြောတာ သူတို့က အသစ်တစ်လုံး လဲပေးလိုက်တယ်ဗျ။ ဒါပေမယ့်လည်း အဲ့အလုံးသစ်မှာလည်း ဒီပြဿနာက ရှိနေပြန်ပါသေးတယ်”

လို့ ပြောထားတာ ဖြစ်တဲ့အတွက် Hardware မှာလည်း ပြဿနာ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

                နောက်ပြီး အခုပြဿနာဟာ Proximity Sensor က ဖြစ်နေတာလို့လည်း အသုံးပြုသူတစ်ချို့က

                “ကျနော့် iPhone X မှာကတော့ Proximity Sensor မှာလည်း ပြဿနာ ရှိနေတယ်ဗျ။ နားကနေ ဖုန်းကို ခွာလိုက်တာတောင်မှ Display က ပြန်ပွင့်မလာတော့ဘူး”

လို့ ပြောထားကြပါသေးတယ်။

                ဒီပြဿနာနဲ့ ပက်သက်ပြီး The Financial Times က Apple ကို မေးမြန်းခဲ့ရာမှာတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ပြဿနာရဲ့အရင်းခံကို မသိရသေးသလို Fix ကိုလည်း ဘယ်အချိန်မှာ ထုတ်ပေးနိုင်မှာလဲ ဆိုတာကိုလည်း မသိရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

                ဖုန်းရှိမှ အလုပ်ဖြစ်တဲ့ ဒီခေတ်ကြီးထဲမှာ iPhone X လို ဖုန်းမျိုးကို ဈေးကြီးပေးပြီး ဝယ်ကိုင်ကာမှ ဖုန်းဝင်လာရင် ကိုင်မရဘူးဆိုတော့လည်း အသုံးပြုသူတွေ စိတ်အနှောင့်အယှက် ဖြစ်ကြရမှာ အမှန်ပါပဲ။ ကျွမ်းကျင်သူများကတော့ Apple ဘက်က ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ ပြောထားကြပါတယ်။

References
9to5Mac CNET
About Author
Assinged Tags
iPhone Apple iPhone X Hardware Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed