iPhone, iPad အတုတွေကို အမေရိကန်နိုင်ငံမှာ တင်သွင်းရောင်းချခဲ့ပါတယ်လို့ တရုတ်နိုင်ငံသား အတုပြုလုပ်ရောင်းချသူ တရားရုံးမှာ အပြစ်ဝန်ခံ

date_range 05 February 2018

iPhone, iPad အတုတွေကို အမေရိကန်နိုင်ငံမှာ တင်သွင်းရောင်းချခဲ့ပါတယ်လို့ တရုတ်နိုင်ငံသား အတုပြုလုပ်ရောင်းချသူ တရားရုံးမှာ အပြစ်ဝန်ခံ

visibility 3860 Views

                ပစ္စည်းအတုတွေဆိုတာ ဈေးကွက်ထဲမှာ Apple Product တွေမှာ မဟုတ်ပါဘူး။ Xiaomi Product, HTC Product, Huawei Product တွေလည်း ရှိတာပါပဲ။ အတုကို အတုဈေးနဲ့ ရောင်းနေရင် အာဏာပိုင်တွေက လစ်လျူရှုထားမှာပါ။ အတုကို အစစ်ပါဆိုပြီး အစစ်ဈေးတောင်းပြီး လိမ်ရောင်းနေရင်တော့ အာဏာပိုင်တွေက အရေးယူရမှာပါပဲ။

                အမေရိကန်နိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား Jianhua Jeff Li ဆိုသူဟာ ဒီနေ့မှာပဲ အမေရိကန် တရားရုံးမှာ Apple Product တွေဖြစ်တဲ့ iPhone တွေ၊ iPad တွေကို အမေရိကန်နိုင်ငံမှာ တင်သွင်းရောင်းချခဲ့ပါတယ်လို့ အပြစ်ဝန်ခံလိုက်ကြောင်း သတင်းရရှိပါတယ်။ ဒီအမှုကို ၂၀၁၅ ခုနှစ်ထဲက စတင်ပြီး Homeland Security နဲ့ Justice Department တို့က ဦးဆောင်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

                ၂၀၀၉ ခုနှစ်ထဲက စတင်ပြီး နောက်ထပ် ငါးနှစ်ကြာသည်အထိ Andreina Becerra, Roberto Volpe, Rosario LaMarca တို့ဟာ Jianhua Jeff Li နဲ့ပူးပေါင်းပြီး iPhone, iPad တို့လို့ Apple Product တွေနဲ့ Accessories တွေအပြင် Apple Logo အတုတွေနဲ့ Trademark အတုတွေ ၄၀,၀၀၀ ကျော်ကို တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံထဲကို တရားမဝင် ခိုးယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ 

                ဒီလိုမျိုး အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ခိုးယူတင်သွင်း ရောင်းချနေတဲ့ လုပ်ငန်းဟာ တော်တော်ကြီးကို ကြီးကြီးမားမား ဖြစ်ခဲ့ပြီး Jianhua Jeff Li တစ်ယောက်ထဲတောင်မှ Apple Product အစစ်ပါဆိုပြီး လိမ်လည်ရောင်းချခဲ့တာ ကန်ဒေါ်လာ ၁.၁ သန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

                ဒါပေမယ့် Jianhua Jeff Li အပြင်၊ ဒီလုပ်ငန်းထဲမှာ ပါဝင်နေကြတဲ့ တရုတ်နိုင်ငံက သူ့မိသားစုဝင်တွေနဲ့ အခြားတွဲဖက်လုပ်ကိုင်ခဲ့သူတွေ အနေနဲ့ ဒီတရားမဝင် လုပ်ငန်းကနေ ဘယ်လောက်ထိအောင် အမြတ်အစွန်း ရရှိခဲ့ကြမလည်း ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ နောက်ပြီး ဒီလုပ်ငန်းထဲမှာ တရုတ်နိုင်ငံက ပစ္စည်းအတု ထုတ်လုပ်နေတဲ့ စက်ရုံတွေလည်း ပါဝင်နေလား ဆိုတာကိုလည်း မသိရှိရသေးပါဘူး။

                Li အနေနဲ့ သူ့ရဲ့ပိုက်ဆံတွေကို အမေရိကန်နိုင်ငံက အာဏာပိုင်တွေ လိုက်လံစစ်ဆေးလို့ မရနိုင်စေဖို့အတွက် အီတလီနိုင်ငံနဲ့ အခြားကမ္ဘာအနှံ့က ဘဏ်တွေဆီ Transfer မလုပ်ခင် Florida နဲ့ New Jersey မှာ Account ဖွင့် သိမ်းဆည်းထားခဲ့တယ်လို့ Justice Department က ဆိုပါတယ်။

                အမေရိကန်တရားရုံးအနေနဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ Jianhua Jeff Li ကို လာမယ့် မေလ ၃၀ ရက်နေ့ကျရင် အမိန့်ချမှတ်သွားမှာပါ။ Li နဲ့ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ Rosario LaMarca တုန်းကတော့ ၂၀၁၇ ဇူလိုင်လတုန်းက ထောင်ဒဏ် ၃၇ လ ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် Li ကိုလည်း ၃၇ လ ထက်မနည်း ထောင်ဒဏ်ချမှတ် နိုင်ပါတယ်။ Andreina Becerra, Roberto Volpe တို့ကတော့ အမိန့်ချခံရဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

                အောက်မှာတော့ အမေရိကန်တရားရုံးက စာရွက်စာတမ်းတွေကို ကြည့်ရှုနိုင်ပါတယ်။

Jianhua “Jeff” Li Apple counterfeiting scheme by Nick Statt on Scribd

References
The Verge SCMP
About Author
Assinged Tags
iPhone iPad Apple Fake iPhones Fake iPads Fake Apple Products Counterfeiter Fake Products Smuggling
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed