News Feed ကို ပြုပြင်လိုက်တာကြောင့် Facebook အသုံးပြုမှု တစ်နာရီကို သန်း ၅၀ ခန့် လျော့ကျ

date_range 01 February 2018

News Feed ကို ပြုပြင်လိုက်တာကြောင့် Facebook အသုံးပြုမှု တစ်နာရီကို သန်း ၅၀ ခန့် လျော့ကျ

visibility 1840 Views

                Facebook အနေနဲ့ News Feed ကို ပိုပြီး Personal ဆန်လာစေဖို့နဲ့ Fake News တွေ ပျံ့နှံ့မှုကို လျော့ချဖို့အတွက် ပြုပြင်မှုတွေ လနဲ့ချီပြီး လုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ပုံစံပြောင်းလိုက်တဲ့ News Feed ကြောင့် တစ်နာရီကို သန်း ၅၀ ခန့် လျော့ကျသွားတယ်လို့ Facebook က ပြောသွားပါတယ်။

                ဒီအရေအတွက်ဟာ ပြောရမယ်ဆိုရင် Facebook အတွက်တော့ တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ပြောရမှာပါ။ News Feed ကို ပြောင်းလဲပြင်ဆင်ခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်က Facebook ကို ပိုပြီးအသုံးပြုလာကြဖို့နဲ့ Facebook Ads တွေကို ပိုပြီး မြင်နိုင်စေဖို့အတွက် ဖြစ်ခဲ့ပေမယ့်လည်း အသုံးပြုမှု နည်းပါးသွားတာ ဖြစ်ပါတယ်။

                ဒါပေမယ့် Mark Zukerberg ကြီးကတော့ ဒီလိုဖြစ်လာမယ်လို့ ကြိုတင်သတိပေးခဲ့ပြီး ကြာရှည်ဆက်သွားမယ်ဆိုရင် အကျိုးရှိလာမယ်လို့ ပြောထားပါတယ်။ Facebook အနေနဲ့ အခြားကုမ္ပဏီတွေလိုပဲ ဒီနေ့မှာ Q4 2017 Earning Report ကို ထုတ်ပေးရင်းနဲ့ အသုံးပြုမှု လျော့ကျသွားတာကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

                ဒီ Report ထဲမှာတော့ Q4 2017 မှာ နေ့စဉ်နဲ့ လစဉ် အသုံးပြုသူတွေ ၁၄ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေ နေ့စဉ် အသုံးပြုသူဦးရေ ၁၈၅ သန်းကနေ ၁၈၄ သန်းအထိ ကျဆင်းသွားပြီး တစ်ကမ္ဘာလုံးအနေနဲ့ ဆိုရင်တော့ လစဉ် အသုံးပြုသူ ၂၃၉ သန်း ရှိတယ်လို့ သိရပါတယ်။

                ဒါပေမယ့် Recode ကတော့ တစ်ချို့နေရာဒေသတွေမှာ အသုံးပြုသူဦးရေ တိုးလာပေမယ့်လည်း တကယ်တမ်း ပြန်တွက်ကြည့်မယ်ဆိုရင် အသုံးပြုသူဦးရေက ၂၀၁၅ ခုနှစ်ထဲကစပြီး တိုးမြင့်မှု နှေးကွေးနေခဲ့တယ်လို့ ဆိုပါတယ်။ ဇူကာဘတ်ကတော့

                “လူတိုင်း၊​ လူတိုင်းအတွက် Facebook အသုံးပြုလိုက်ရတဲ့ အချိန်တွေဟာ တန်ဖိုးရှိစွာ ကုန်ဆုံးသွားမယ်လို့ မျှော်လင့်မိပါတယ်။ အခုလို ပြောင်းလဲမှုကလည်း အသုံးပြုသူတွေ အတွက်ရော၊ Facebook အတွက်ပါ ရေရှည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ Facebook ကို အပျော်ရှာစရာ နေရာတစ်ခုတင် မဟုတ်ပဲ လူမှုပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကိုလည်း အကျိုးပြုစေမယ့် Social Media တစ်ခု ဖြစ်လာစေဖို့ ကြိုးစားနေပါတယ်”

လို့ ပြောကြားသွားပါတယ်။

                ပြောင်းလဲမှုတွေကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး Facebook က Product တွေ၊ Service တွေ အကုန်လုံးမှာ သက်ရောက်မှု ရှိလာဖို့ကတော့ လနဲ့ချီပြီး အချိန်ယူရမယ်လို့လည်း သိရပါတယ်။ ၂၀၁၇ နိုဝင်ဘာလတုန်းကလည်း Facebook အနေနဲ့ Facebook Platform တွေမှာ စည်းကမ်းဖောက်ဖျက်နေတာတွေ အားလုံးကို တိုက်ထုတ်နိုင်ဖို့အတွက် Facebook က ရရှိမယ့် အကျိုးအမြတ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် WSJ ရဲ့ အဆိုအရတော့ ၂၀၁၇ ခုနှစ်မှာ အကျိုးအမြတ်က ခုန်တက်သွားတယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Facebook Fake News News Feed
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed