“Facebook နဲ့ Google တို့ဟာ မကြာခင် ပျက်စီးတော့မယ်” လို့ ခန့်မှန်းပြောကြားလိုက်တဲ့ သန်းကြွယ်သူဌေးကြီး George Soros

date_range 30 January 2018

“Facebook နဲ့ Google တို့ဟာ မကြာခင် ပျက်စီးတော့မယ်” လို့ ခန့်မှန်းပြောကြားလိုက်တဲ့ သန်းကြွယ်သူဌေးကြီး George Soros

visibility 2920 Views

                သန်းကြွယ်သူဌေးကြီး George Soros ဟာ အလှူအတန်း ရက်ရောသူတစ်ဦး ဖြစ်သလို အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံသူတွေထဲမှာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ George Soros အနေနဲ့ ဆွစ်ဇလန်နိုင်ငံ Davos မြို့မှာ ကျင်းပခဲ့တဲ့ World Economic Forum ညစာစားပွဲမှာ ပိုပြီး တင်းကျပ်လာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခွန်တွေကြောင့် Facebook နဲ့ Google တို့ဟာ မကြာခင်မှာ နန်းကျတော့မယ်လို့ ခန့်မှန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

                George အနေနဲ့ Facebook နဲ့ Google တို့လို့ သြဇာအာဏာရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ နည်းပညာလောကထဲမှာ နေရာတကာ လက်ဝါးကြီးအုပ် အပိုင်စားယူနေကြတာကြောင့် တက်သစ်စ တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေ၊ ဈေးကွက်ချဲ့ထွင်မှုနဲ့ ဒီမိုကရေစီကို ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

                နောက်ပြီး အခုလို နည်းပညာကုမ္ပဏီကြီးတွေကို EU ဥရောပသမဂ္ဂက စည်းမျဉ်းစည်းကမ်းတွေ ပိုပြီး တင်းတင်းကျပ်ကျပ် ချမှတ်လိုက်တာကိုလည်း George Soros က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနဲ့ နောင်အနာဂါတ်မှာလည်း EU ဥရောပသမဂ္ဂ အနေနဲ့ Silicon Valley နဲ့ ပက်သက်လို့ ပိုပြီး တင်းကျပ်မှုတွေ ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

                “Facebook နဲ့ Google တို့ဟာ တစ်နေ့တစ်ခြား ပိုပြီးတော့ သြဇာအာဏာတွေ ရယူလာကြပြီး နေရာတကာ လက်ဝါးကြီး အုပ်လာကြတာကြောင့် နည်းပညာလောက ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ နောက်ပြီး နည်းပညာလောကမှာလည်း သူတို့တွေကြောင့်ပဲ မလိုလားအပ်တဲ့ ပြဿနာတွေကို ကျနော်တို့တွေ စတင် ကြုံတွေ့လာကြရတာလည်း ဖြစ်ပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး

                “အဆိုးရွာဆုံး ကိစ္စကတော့ ကြော်ငြာကိစ္စပဲဗျ။ သူတို့တွေရဲ့ အွန်လိုင်းကြော်ငြာတွေကြောင့် သတင်းအမှားတွေ ပျံ့နှံ့ကုန်တာပါ”

လို့ ပြောကြားခဲ့ပါသေးတယ်။

                ဒီအချက်ကို Google နဲ့ Facebook တို့ကလည်း ပြန်လည်တုန့်ပြန်တဲ့ အနေနဲ့ သူတို့ရဲ့ အွန်လိုင်းကြော်ငြာစနစ်တွေမှာ အာဏာပိုင်တွေ ပါဝင်လာချင်တယ် ဆိုရင်လည်း အဆင်သင့်ပါပဲလို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ Google ကတော့ ငြိမ်နေပေမယ့် Facebook ကတော့ တဆင့်ထပ်တက်လိုက်ပါတယ်။ Facebook အနေနဲ့ Social Media တွေဟာ တစ်ခါတစ်လေမှာ ဒီမိုကရေစီကို ထိခိုက်နိုင်ပါတယ်လို့ အရင်တစ်ပါတ်က ပြောကြားလိုက်ပါတယ်။

                EU ဥရောပသမဂ္ဂ အနေနဲ့ Google Search Engine, Android, AdSense တို့နဲ့ ပက်သက်ပြီး တရားစွဲဆိုမှုတွေ လုပ်ခဲ့သလို ၂၀၁၆ ခုနှစ်မှာလည်း အခွန်ရှောင်နေခဲ့တဲ့ Apple ကို ကန်ဒေါ်လာ ၁၅ ဘီလီယံ အခွန်ဆောင်ခိုင်းခဲ့ပါတယ်။ တဖက်မှာလည်း Facebook အနေနဲ့ Data ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် Privacy လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဒဏ်ရိုက်ခြင်းကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပါတယ်။

                “နိုင်ငံတကာကို လွှမ်းမိုးထားတဲ့ အမေရိကန်နိုင်ငံက နည်းပညာနဲ့ သတင်းအချက်အလက် လက်ဝါးကြီးအုပ်မှုတွေဟာ မကြာခင်အချိန်အတွင်းမှာ ကျိုးပဲ့ပျက်စီးတော့မှာပါ။ ဆွစ်ဇလန်နိုင်ငံ Davos မြို့လေးဟာလည်း အဲ့ဒီလို လက်ဝါးကြီးအုပ်တဲ့ နည်းပညာကုမ္ပဏီတွေကို သူတို့ ပျက်စီးတော့မယ့် နေ့ရက်တွေက နီးလာပြီ ဆိုတာကို ကြေငြာဖို့အတွက် အကောင်းဆုံး နေရာလေးပါပဲ”

လို့ George Soros က နောက်ဆုံး ပြောကြားသွားခဲ့ပါတယ်။

References
Gadgets NDTV Fox News
About Author
Assinged Tags
Google Facebook User Privacy Privacy AdSense Facebook Ads Online Advertising
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed