Bitcoin Account ကို လေးနှစ်နီးပါး ပစ်ထားခဲ့ရာမှ ကန်ဒေါ်လာ ၈ သန်းနီးပါး အမြတ်အစွန်းရသွားခဲ့တဲ့ Rapper ကြီး 50 Cent

date_range 26 January 2018

Bitcoin Account ကို လေးနှစ်နီးပါး ပစ်ထားခဲ့ရာမှ ကန်ဒေါ်လာ ၈ သန်းနီးပါး အမြတ်အစွန်းရသွားခဲ့တဲ့ Rapper ကြီး 50 Cent

visibility 2380 Views

                ၂၀၁၄ တုန်းက Rapper 50 Cent ဟာ သူရဲ့ Album သစ်ဖြစ်တဲ့ “Animal Ambition” ကို Bitcoin နဲ့ ဝယ်ယူခွင့် ပေးခဲ့ပါတယ်။ “Animal Ambition” သီချင်း Album ကို စတင် ရောင်းချခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက သူ့ရဲ့ Bitcoin Account ကို လှည့်မကြည့်ခဲ့တဲ့ 50 Cent တစ်ယောက် အခု ၂၀၁၈ မှာတော့ Bitcoin Millionaire တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

                ၂၀၁၄ ခုနှစ်လို 1 Bitcoin ကို ၆၆၂ ဒေါ်လာ တန်ဖိုးရှိတဲ့ အချိန်မှာတောင် “Animal Ambition” သီချင်း Album ကို ဒေါ်လာ ၄ သိန်းကျော် တန်ဖိုးရှိတဲ့ Bitcoin 700 လောက် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၁၄ နောက်ပိုင်းမှာ Bitcoin တန်ဖိုး တဖြည်းဖြည်း မြင့်တက်လာရာကနေ ယခုလ အစပိုင်းမှာဆိုရင် 1 Bitcoin ကို ဒေါ်လာ ၁၇,၀၀၀ လောက်အထိ တန်ဖိုး မြင့်တက်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ 1 Bitcoin ကို ဒေါ်လာ ၁၁,၀၀၀ အထိ ပြန်လည် ကျဆင်းလာပြီပဲ ဖြစ်ပါတယ်။

                လေးနှစ်ကျော်လောက် Bitcoin Account ကို အသုံးမပြုပဲ ထားခဲ့တဲ့ 50 Cent ဟာ အခုအချိန်မှာဆိုရင် ကန်ဒေါ်လာ ၇ သန်းနဲ့ ၈.၅ သန်းကြား အမြတ်အစွန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းသွားတာက Bitcoin Account ကို ပစ်ထားခဲ့တယ် ဆိုပေမယ့် Username နဲ့ Password လေးတော့ မှတ်မိနေသေးတာပါပဲ။ 50 Cent က Instagram မှာ အခုကိစ္စနဲ့ ပတ်သတ်ပြီး

                “South Side ချာတိတ် တစ်ကောင်အတွက် သိပ်မဆိုးဘူးလို့ ပြောရမှာပေါ့ဗျာ။ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူလာပြီ”
လို့ ရေးသားခဲ့ပါတယ်။


               ဒါ့အပြင် Twitter မှာလည်း အောက်ပါအတိုင်း Tweet လုပ်သွားခဲ့ပါသေးတယ်။ ဒီ Tweet ရဲ့ အောက်မှာလည်း Bitcoin လော်ဘီတွေအနေနဲ့ 50 Cent ကို အခြား Cryptocurrencies Platforms တွေနဲ့ Coins တွေရဲ့ ကောင်းကျိုးတွေကို မိတ်ဆက်ပေးခဲ့ကြပြီး အခြား Cryptocurrencies Platforms တွေမှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း မဲဆွယ်နေကြတာကို တွေ့ရပါတယ်။

                တချို့တွေကဆိုရင် 50 Cent အနေနဲ့ DeepOnion Coin လို့ ခေါ်တဲ့ Cryptocurrencies Coin မှာ ရင်းနှီး မြှုပ်နှံလိမ့်မယ်လို့ ဟာသလုပ် ပြောဆိုနေကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ DeepOnion Coin ရဲ့ တန်ဖိုးဟာ အခုအချိန်မှာ 50 Cent ရဲ့ Rapper နာမည်လိုမျိုးပဲ ပြား ၅၀ သာ တန်ဖိုးရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.

References
The Verge
About Author
Assinged Tags
BitCoin Cryptocurrency
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed