Bitcoin Mining အတွက် စွမ်းအင်အသုံးပြုမှုက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရဲ့ တစ်နိုင်ငံချင်းစီ စွမ်းအင်အသုံးပြုမှုထက် ကျော်လွန်

date_range 07 December 2017

Bitcoin Mining အတွက် စွမ်းအင်အသုံးပြုမှုက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရဲ့ တစ်နိုင်ငံချင်းစီ စွမ်းအင်အသုံးပြုမှုထက် ကျော်လွန်

visibility 2240 Views

                Bitcoin ရဲ့ တန်ဖိုးဟာ အခုအချိန်မှာဆိုရင် ယခင်နှစ်တွေကတန်ဖိုးထက် အဆမတန်ပိုမိုမြင့်တက် လာတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ 1 Bitcoin ရဲ့တန်ဖိုးဟာ အခုအချိန်မှာဆိုရင် အမေရိကန် ဒေါ်လာ ၁၁,၀၀၀ အထက်ကို ရောက်ရှိလို့သွားပြီပဲဖြစ်ပါတယ်။ အဲ့လို Bitcoin တန်ဖိုးမြင့်တက်လာတာနဲ့အမျှ Bitcoin Mining ပြုလုပ်ရာမှာအသုံးပြုတဲ့စက်ပစ္စည်းတန်ဖိုး၊ Mining ပြုလုပ်ရန်အတွက် လျှပ်စစ်စွမ်းအင်အသုံးပြုမှုပမာဏလည်း အဆမတန် မြင့်တက် လို့ လာခဲ့ပါတယ်။ ယခုအခါမှာဆိုရင် Bitcoin Mining အတွက် Globally လျှပ်စစ် စွမ်းအင်အသုံးပြုမှုပမာဏဟာ တစ်နှစ်ကို 30 terawatt per hours အထိ မြင့်တက်လို့လာခဲ့ပြီပဲဖြစ်ပါတယ်။

                အဲ့ဒီပမာဏဟာဆိုရင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရဲ့ နိုင်ငံတစ်နိုင်ငံချင်းစီ  စွမ်းအင်အသုံးပြုမှုပမာဏထက် သိသိသာသာကို ကျော်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

                Bitcoin Analysis Blog တစ်ခုဖြစ်တဲ့ Digiconomist မှာ Bitcoin Mining Power Consumption ဟာ လူဦးရေနည်းပါးတဲ့နိုင်ငံများဖြစ်တဲ့ Ireland, Hungary, Oman နဲ့ Lebanon နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ တစ်နှစ်တာ Power အသုံးပြုမှုပမာဏထက် သိသိသာသာများပြားနေခဲ့သလို လူဦးရေထူထပ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ Morocco တစ်နိုင်ငံလုံးရဲ့  Power အသုံးပြုနဲ့ ထပ်တူနီးပါးရှိနေခဲ့ပါတယ်။ လူဦးရေအလွန်များပြားတဲ့ Bulgaria နိုင်ငံ Power Consumption ထက်တောင်အနည်းငယ်သာနိမ့်ကျတယ်လို့ဖေါ်ပြထားခဲ့ ပါတယ်။  လူဦးရေ သန်း (၆၀) ခန့်ရှိတဲ့ မြန်မာနိုင်ငံရဲ့  ၂၀၁၃ ခုနှစ် စွမ်းအင်အသုံးပြုမှု 8.71 TWh ထက်လည်း များနေတာ တွေ့ရပါတယ်။ တကယ်လို့များ Bitcoin သာ နိုင်ငံတစ်နိုင်ငံဆိုရင် အဲ့နိုင်ငံရဲ့ စွမ်းအင်အသုံးပြုမှပမာဏဟာ ကမ္ဘာ့ Power Consumption အများဆုံးနိုင်ငံအဆင့်သတ်မှတ်ချက်မှာ ၆၁ နေရာကို ရောက်ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်အတွက် Mining လုပ်ငန်းစဥ်တစ်ခုထဲကိုတွက်ချက်ခဲ့တာပဲဖြစ်ပါတယ်။


                တကယ်လို့ Mining လုပ်ငန်းစဉ်အပြင် Bitcoin-enabled devices တွေဖြစ်တဲ့ Vending Machine တွေ ATM စက် တွေရဲ့ Power Consumption ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် အခု အဆင့် သတ်မှတ်ချက်ထက် ပိုပြီးမြင့်တက်သွားမှာ အသေအချာပါပဲ။

                Bitcoin နဲ့ အမေရိကန်ဒေါ်လာ ၊ယူရို တွေကြား ကွာခြားချက်ကတော့ Bitcoin ကို မိုင်းတူး (Mining) ပြီးရှာနိုင်တာပဲဖြစ်ပါတယ်။ မိုင်းတူးတယ်ဆိုပေမယ့် ရွှေတွေ ကျောက်မျက်ရတနာတွေလို တွင်းထဲကနေတူးယူရတာမျိုးတော့မဟုတ်ပါဘူး။ Bitcoin Mining ရဲ့သဘောတရားကတော့ အင်တာနက်ပေါ်ကရှုပ်ထွေးတဲ့ပုစ္ဆာတွေကို ကွန်ပြုတာ အကူအညီ သုံးပြီး ဖြေရှင်းခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ကွန်ပြုတာအကူအညီသုံးပြီးဖြေရှင်းတယ်ဆိုပေမယ့် လူကဘာမှလုပ်နေစရာမလိုပါဘူး။ Mining Machine ကိုဖွင့်ပေးထားဖို့ပဲ လိုအပ်ပါတယ်။ အဲ့ဒီပုစ္ဆာတွေကိုဖြေရှင်းနိုင်ရင် Bitcoin ကို ဆုအနေနဲ့ ချီးမြှင့်တာပဲဖြစ်ပါတယ်။ ဒါကတော့ Bitcoin Mining ရဲ့ အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်။ ပုစ္ဆာတစ်ပုဒ်ကပိုခက်လေ ဖြေရှင်းဖို့အတွက်အချိန်ကြာလေ Mining Machine ကိုအလုပ်လုပ်ဖို့အတွက် သုံးရတဲ့ Power Consumption ပိုများလာလေ၊ အဲ့လိုနဲ့ Bitcoin Mining ရဲ့ Power Consumption ဟာ ယခုလိုအခြေအနေထိ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။


                လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက Bitcoin တန်ဖိုးဟာ ၁၀ဒေါ်လာ၀န်းကျင်ပဲရှိနေခဲ့သလို Laptop နဲ့တောင် Mining လုပ်လို့ရတဲ့အခြေအနေကနေ ယခုအခါမှာဆိုရင် Bitcoin များများရဖို့အတွက် Application Specific Integrated Circuit (ASIC) သုံး Mining Machines အများအပြားနဲ့ Bitcoin Mining ကို လုပ်ဆောင်နေကြပြီပဲ ဖြစ်ပါတယ်။ Mining Machines တွေရဲ့တန်ဖိုးဟာလည်း ယခုအခါမှာ အဆမတန်မြင့်တက်လို့လာခဲ့ပါပြီ။ Machines တွေရဲ့ တန်ဖိုးမြင့်တက်လာခဲ့သလို အဲ့ဒီ Machines တွေကို အလုပ်လုပ်စေဖို့အတွက် Power အသုံးပြုမှုပမာဏကလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ယခုအခါမှာဆိုရင် Bitcoin Mining Operations တွေကို လျှပ်စစ်တန်ဖိုးအခ နည်းပါးတဲ့ နိုင်ငံတွေမှာလုပ်ဆောင်နေကြပါတယ်။ Cambridge University ရဲ့လေ့လာတွေ့ရှိချက်များ အရ Bitcoin Mining ရဲ့ 58 ရာခိုင်နှုန်းကို တရုတ်ပြည်မှာလုပ်ကိုင်နေကြတယ်လို့သိရှိထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ပြည်မှာဆိုရင် ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရောင်းချမှုကို တရားမ၀င်လုပ်ကိုင်နေကျတဲ့အတွက် Bitcoin Mining သမားတွေအတွက် လျှပ်စစ် အဖိုးအခ သက်သာစွာနဲ့ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နိုင်လို့ပဲဖြစ်ပါတယ်။ Mining လုပ်ငန်းတွေ တွင်ကျယ်လာတာနဲ့အမျှ Bitcoin ရရှိဖို့ ဖြေရှင်းရတဲ့ပုစ္ဆာတွေဟာလည်း ပိုမိုခက်ခဲလာပါတော့တယ်။

                Bitcoin တန်ဖိုးမြင့်တက်လာသမျှကာလပတ်လုံး Bitcoin Transactions အတွက် Power အသုံးပြုမှုဟာလည်း ပိုမိုမြင့်တက်လာမှာ အသေအချာပါပဲ။ အခုအချိန်မှာဆိုရင် တခြား Cryptocurrencies တွေဖြစ်တဲ့ Etherium, SafeCoin စတဲ့ အခြား Mining လုပ်ငန်းများလည်း တဖြည်းဖြည်းနဲ့ တွင်ကျယ်လာနေပြီပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ ပိုတွင်ကျယ်လာတာနဲ့အမျှ Bitcoin Mining မှာ သုံးတဲ့ CPU ၊ GPU တွေလည်း ပိုများလာမှာဖြစ်ပြီး၊ စွမ်းအင်သုံးစွဲမှုကလည်း ဒီထက် တက်သွားဖို့ပဲ ရှိပါတယ်။

This Article is Contributed by Phyo Kyaw Zwar
References
Extreme Tech
About Author
Assinged Tags
BitCoin Digital Coins Cryptocurrency Power Consumption
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed