ပိုင်ရှင် အိမ်မှာရှိ၊ မရှိကိုတောင် ခွဲခြားသိရှိနိုင်မယ့် Apple ရဲ့ HomePod စမတ်စပီကာ

date_range 26 January 2018

ပိုင်ရှင် အိမ်မှာရှိ၊ မရှိကိုတောင် ခွဲခြားသိရှိနိုင်မယ့် Apple ရဲ့ HomePod စမတ်စပီကာ

visibility 620 Views

                US, UK နဲ့ Australia နိုင်ငံတို့မှာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကျရင် ရောင်းချသွားတော့မယ့် Apple ရဲ့ ပထမဆုံး စမတ်စပီကာ HomePod ဟာ တရားဝင်မရောင်းချခင်ထဲက အရှိန်အဟုန် ကောင်းနေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ မရောင်းချမီ HomePod ကို လက်ဝယ်ရရှိထားပြီး Review လုပ်ခဲ့တယ်လို့ ဆိုခဲ့တဲ့ Refinery29 က Madeline Buxton ရဲ့ Report အရ HomePod ဟာ ပိုင်ရှင် အိမ်မှာရှိ၊ မရှိကိုတောင် ခွဲခြားသိရှိနိုင်မယ်လို့ သိရပါတယ်။


                ဒီလိုမျိုး သိရှိနိုင်စေဖို့အတွက် iCloud နဲ့ Siri တို့ရဲ့ အကူအညီကို ရယူထားတာဖြစ်ပြီး HomePod မှာ iCloud SetUp လုပ်ထားသူကိုသာ ပိုင်ရှင်အဖြစ် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်ရှင် အိမ်မှာမရှိဘူးဆိုရင် ဝင်လာတဲ့ Message ကိုလည်း Siri က ဖတ်ပြမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

                Report ထဲမှာကတော့

                “Personal Notifications ကို HomePod မှာ SetUp လုပ်မထားဘူးဆိုရင် ကိုယ်က အိမ်မှာမရှိပဲ အလုပ်ကိုရောက်နေတဲ့အချိန် ကိုယ့်ဆီ Message ဝင်လာတဲ့အခါ Siri က ဖတ်ပြသွားမှာကို ပူစရာမလိုပါဘူး”

လို့ ရေးသားထားပါတယ်။


                ဒီလိုမျိုး ဘာကြောင့်လုပ်နိုင်လည်း ဆိုတာကို အတိအကျ မသိရပေမယ့် iCloud Account နဲ့ပဲ ခွဲခြားဆုံးဖြတ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အိမ်ပြန်ရောက်လို့ Wi-Fi ချိတ်ဆက်လိုက်တဲ့အခါမှာ မိမိ iPhone မှာ Log-In ဝင်ထားတဲ့ iCloud Account နဲ့ HomePod မှာ Log-In ဝင်ထားတဲ့ iCloud Account နဲ့ တူလား၊ မတူလား စစ်ဆေးပြီး ပိုင်ရှင်ကို ခွဲခြားတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။


                ပိုင်ရှင်ကို ခွဲခြားသိရှိယုံတင် မဟုတ်ပါဘူး။ HomePod ဟာ Amazon Echo, Google Home Max တို့ထက်လည်း အသံပိုင်းဆိုင်ရာမှာ ကောင်းမွန်တယ်လို့ သိရပါတယ်။ Report ထဲမှာကတော့ အဆိုတော်က ကိုယ့်ရှေ့မှာ လာဖျော်ဖြေနေသလိုပဲလို့တောင် အမွှန်းတင်ထားပါတယ်။ နောက်ပြီး Base သံလည်း တော်တော်လေး ကောင်းမွန်တယ်လို့ သိရပါတယ်။

                အခုအချိန်မှာ HomePod က Reviewer တွေ လက်ထဲအမှန်တကယ် မရောက်သေးဘူး ဆိုပေမယ့် Refiner29 ကတော့ HomePod က အသံပိုင်းဆိုင်ရာကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ စမတ်စပီကာတစ်လုံးလို့တော့ ပြောထားပါတယ်။

References
Gadget NDTV
About Author
Assinged Tags
iCloud Siri Smart Speaker Apple Smart Speaker Amazon Echo HomePod Apple HomePod Apple Google Home Max
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed