MateBook D ကို အဆင့်မြှင့်တင်ထားတဲ့ MateBook D (2018) ကို တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Huawei

date_range 27 December 2017

MateBook D ကို အဆင့်မြှင့်တင်ထားတဲ့ MateBook D (2018) ကို တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Huawei

visibility 1700 Views

                ယခုနှစ် အစောပိုင်း တုန်းက Huawei အနေနဲ့ MateBook D, MateBook E, MateBook X စတဲ့ Laptop ၃ မျိုးကို တရားဝင် မိတ်ဆက် ရောင်းချ ပေးခဲ့ပါတယ်။ အခုအခါမှာတော့ MateBook D ကို အဆင့်မြှင့်တင် ထားတဲ့ MateBook D (2018) ကို ထပ်မံ မိတ်ဆက် ပေးလိုက်တယ်လို့ သိရပါတယ်။MateBook D (2018) ဟာ အရင် ထွက်ရှိထားတဲ့ MateBook D နဲ့ ဒီဇိုင်းပိုင်းမှာ ကွဲပြားခြားနားမှု ရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင် MateBook မှာ သုံးထားတဲ့ CPU, Graphic Card ထက် ပိုပြီး ကောင်းတဲ့ CPU, GPU ကို အသုံးပြု ထားပါတယ်။


                အသစ်ထွက်ရှိလာတဲ့ MateBook D (2018) မှာ Metal Unibody ကို အသုံးပြုထားပါတယ်။ အလေးချိန် ၁.၉ ကီလိုဂရမ် ရှိပြီး အထူက ၀.၇ လက်မပဲ ရှိတဲ့အတွက် Macbook လောက် နီးပါး ပါးလွှာတဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။ ၁၅.၆ လက်မ Full HD (1920 x 1280 pixels) Display ကို အသုံးပြုထားတဲ့အပြင် 178-Degree Viewing Angle ရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် NTSC Color Gamut ကို Coverage အနေနဲ့ ၄၅ ရာခိုင်နှုန်းအထိ ပေးနိုင်ဦးမှာပါ။ Brightness အနေနဲ့ကတော့ 350 Nits အထိ ရရှိမှာပါ။


                MateBook D (2018) မှာ Intel ရဲ့ 8th Generation Processor တွေဖြစ်တဲ့ Core i5-8200U, Core i7-8550U တို့ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ကတော့ Model နှစ်မျိုးလုံးမှာ 8GB ပါ၀င်မှာပါ။ Core i5-8200U အသုံးပြုထားတဲ့ Model အတွက် 256GB SSD Storage ပါ၀င်တဲ့ Model နဲ့ 128GB SSD + 1 TB HDD Storage ပါ၀င်တဲ့ Model ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Core i7-8550U Model အတွက်ကိုတော့ 128 GB SSD + 1 TB HDD Storage ပါတဲ့ Model တစ်မျိုးသာ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။


                Graphics Card အနေနဲ့ အရင် MateBook D မှာ အသုံးပြုထားတဲ့ Nvidia 940MX ထက် ပိုမို ကောင်းမွန်တဲ့ Nividia MX150 Graphic Card ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ 43.3Wh Battery ကို အသုံးပြုထားပြီး Web Browsing လုပ်ရုံပဲဆိုရင် ၁၀ နာရီ အထိ အသုံးခံမှာ ဖြစ်ပြီး ရုပ်ရှင်တွေ၊ Video တွေ ကြည့်မယ်ဆိုရင်တော့ ၈ နာရီခွဲကျော် အသုံးခံတယ်လို့ Huawei က ကြေညာထားပါတယ်။


                အသံပိုင်း အတွက် Dolby Atmos Surround Sound System ကို အသုံးပြုထားပါတယ်။ Ports တွေအနေနဲ့ USB 3.0 နှစ်ပေါက်၊ 2.0 တစ်ပေါက် ပါ၀င်မှာ ဖြစ်ပြီး HDMI တစ်ပေါက်လည်း ပါ၀င်အုံးမှာပါ။ Wi-Fi ပိုင်းမှာတော့ Network Coverage နဲ့ Signal Range တွေ ပိုမို ကောင်းမွန်စေဖို့အတွက် Dual-Antenna Design ကို အသုံးပြုပေးထားပါတယ်။ MateBook D (2018) Laptop ကို ဝယ်မယ်ဆိုရင် ၁၇၅ ဂရမ်သာ အလေးချိန်ရှိပြီး ပေါ့ပါးတဲ့ Charging Adapter တစ်ခုကိုပါ လက်ဆောင်အနေနဲ့ ရမှာပဲ ဖြစ်ပါတယ်။


                စျေးနှုန်းအနေနဲ့ကတော့ Core i5 256 GB SSD Model ကို ၇၉၁ ဒေါ်လာ (မြန်မာငွေ  ၁၀ သိန်း ဝန်းကျင်)၊ Core i5 128GB SSD + 1TB HDD Model ကို ၈၃၇ ဒေါ်လာ (မြန်မာငွေ ၁၁ သိန်း ဝန်းကျင်)၊ Core i7 128GB SSD + 1TB HDD Model ကို ၁၀၂၀ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်း ဝန်းကျင်) နဲ့ ရောင်းချ သွားမှာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ MateBook D (2018) Model ကို တရုတ်ပြည်တွင်းမှာသာ ၀ယ်ယူနိုင်ဦးမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီရောင်းချမယ့်နေ့ကိုတော့ Huawei မှ တရား၀င် ကြေညာခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
LaptopMain GizMoChina
About Author
Assinged Tags
Huawei Laptop Huawei Matebook Dolby Atmos Huawei MateBook D Huawei MateBook D (2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed